ထိတ်လန့်ဖွယ်ရာ စိတ်လှုပ်ရှားမှုအပြည့်ပေးဦးမယ့် ” The Invisible Man”

” The Invisible Man” ရုပ်ရှင်ဟာ အမေရိကန် သိပံ္ပစိတ်ကူးယဉ်နဲ့ ထိတ်လန့်ခြောက်ခြားဖွယ်
ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဒါရိုက်တာ Leigh Whannell ဖန်တီးထားပြီး စာရေးဆရာH.G wells ရဲ့ဝတ္ထုကို ပြန်လည်အခြေခံထားတာပါ။

ဒီဇာတ်ကားဟာ ၁၉၉၃ခုနှစ်တုန်းကလည်း ထွက်ရှိခဲ့ဖူးပါတယ်။ သရုပ်ဆောင်တွေကတော့ Elisabeth Moss, Oliver Jackson-Cohen, Aldis Hodge, Storm Reid နဲ့Harriet Dyer တို့ဖြစ်ပါတယ်။

အပြင်မှာ မျက်စိနဲ့မမြင်နိုင်တဲ့ လူတစ်ယောက် ကိုယ့်အနားမှာရှိနေပြီး ဒုက္ခပေး ၊ အနှောင့်ယှက်ခံနေရတဲ့ မိန်းကလေးတစ်ယောက်ကို မြင်တွေ့ရမှာပါ။ လူတွေမမြင်နိုင်တဲ့ လူတစ်ယောက်
သူမကို ဒုက္ခပေးနေတယ်ပြောတာကို အစက ဘယ်သူမှမယုံကြဘူး။ သူမကို ရူးနေတယ်လို့
ထင်ပြီး ဆေးရုံပို့လိုက်ကြတယ်။ အဲ့ဒီနောက်မှ ဘာတွေဆက်ဖြစ်မလဲ.. သူမ မရူးဘူးဆိုတာကို
ဘယ်လိုသက်သေပြမလဲဆိုတာ စောင့်မျှော်လိုက်ရအောင်နော်။

Image result for the invisible man 2020

၂ဝ၂ဝ ဖေဖော်ဝါရီ ၂၈ရက်နေ့ ထွက်ရှိမှာဖြစ်ပါတယ်။

30 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.