(၂)နှစ်ပြည့်သွားပြီဖြစ်တဲ့ The Return of Superman မှ Bentley လေး

ဟိုးသေးသေးလေးတည်းကနေ သူတို့လေးတွေကို အားပေးကြည့်ရှုခဲ့ရတာ အခုတော့
Bentley Hammington လေးက နိုဝင်ဘာ ၇ရက်နေ့မှာပဲ အသက် ၂နှစ်တောင်ပြည့်ခဲ့ပြီ။

၂နှစ်ပြည့်ကိတ်လေးနဲ့အတူ မိသားစုလေးယောက် မွေးနေ့သီချင်းဆိုနေတဲ့ ဗီဒီယိုလေး အင်စတာဂရမ်ပေါ်မှာ တင်ထားခဲ့ပါတယ်။ Bentley လေးကို ချစ်တဲ့ပရိသတ်တွေကလည်း
မွေးနေ့ဆုတောင်းလေးတွေ ၊ မွေးနေ့ကတ်နဲ့ လက်ဆောင်လေးတွေ အများကြီးပို့ပေးခဲ့ကြပါတယ်။

နောက်ထပ် ဓာတ်ပုံလေးမှာ Bentley က ပရိသတ်တစ်ယောက်ပေးတဲ့ မျက်မှန်လေးကိုတပ်ထားပါတယ်။ မွေးနေ့ပါတီကိုတော့ နောက်အပတ်ထဲမှာ လုပ်မယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းအတွင်းBentley ရဲ့မိဘနှစ်ယောက်လုံးအလုပ်ရှုပ်နေတဲ့အတွက် အိမ်မှာပဲ မိသားစုလေးယောက်အရင်ဆုံး မွေးနေ့ကိတ်လေးခွဲခဲ့ပါတယ်။

Bentley လေးကို မွေးနေ့ဆုတောင်းပေးလိုက်ရအောင် … Happy birthday to Bentley!

89 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.