ဘေဘီလေးတွေကိုနှိပ်နယ်ပေးတာဟာ ဘာတွေကောင်းကျိုးရစေလဲ?

ဘေဘီလေးတွေကို ဘာကြောင့်နှိပ်နယ်ပေးသင့်တာလဲ?

လက်ချောင်းလေးတွေနဲ့ဖြည်းဖြည်းချင်းဆုပ်ကိုင်နှိပ်နယ်ပေးတာဟာ ဘေဘီလေးတွေကို ကောင်းကောင်းအိပ်ပျော်စေတယ်။အစာမြန်မြန်ကြေစေတယ်။သွေးလည်ပတ်မှုတွေကောင်းစေတယ်လို့သိရပါတယ်။မိဘနဲ့လည်းပိုပြီးရင်းနှီးလွယ်စေပြီး ကလေးကလည်း မြန်မြန်သိလွယ်မှတ်မိလွယ်လာပါတယ်။ကလေးကလည်းဒီလိုနှိပ်ပေးလို့ ရွှင်ပျတယ်ဆိုရင် မိဘတွေအနေနဲ့ နေ့တိုင်းနီးပါး နှိပ်နယ်ပေးလို့ရပါတယ်။

နှိပ်နယ်ပေးတဲ့အခါ အုန်းဆီ၊သံလွင်ဆီတို့အပြင် Baby oil လေးတွေသုံးပေးရင် ကလေးအတွက်ပိုပြီးကောင်းမွန်ပါတယ်။ဒါ့အပြင် မိဘတွေအနေနဲ့လည်းကိုယ့်ရဲ့ကလေးကို ကောင်းကောင်းထိန်းနိုင်ကြောင်းယုံကြည်မှုပိုရှိလာသလို ကလေးတွေဘာလိုအပ်တယ်ဆိုတာကိုလည်း ပိုပြီးမြန်မြန်သိလာပါတယ်။နှိပ်နယ်နေတဲ့အချိန်မှာလည်းကလေးအတွက်သက်တောင့်သက်သာရှိစေဖို့ ကိုယ့်ရဲ့လက်ချောင်းလေးတွေကိုသာသုံးပေးရမှာဖြစ်ပါတယ်။တစ်ခြားပစ္စည်းကိရိယာတွေကိုမသုံးသင့်ပါဘူး။သီချင်းဆိုပြတာ၊စကားပြောတာတွေလည်းလုပ်ပေးနိုင်ပါတယ်။

လေ့လာချက်တွေအရ ကလေး ၆ ပတ်လောက်အရွယ်ရောက်ပြီး တစ်ခြားကျန်းမာရေးပြဿနာမရှိဘူးဆိုရင် နှိပ်နယ်ပေးတာက ကလေးကောင်းကောင်းကြီးထွားစေဖို့အကူအညီဖြစ်စေတယ်လို့သိရပါတယ်။


ကလေးကိုဘယ်အချိန်မှာနှိပ်နယ်ပေးရမလဲဆိုရင်
– သူတို့လေးတွေဗိုက်ဆာမနေတဲ့အချိန်၊ပင်ပန်းမနေတဲ့အချိန်၊တစ်ခြားအရာဝတ္ထုတွေအပေါ် စိတ်ဝင်စားမနေတဲ့အချိန် အဲ့ဒီလိုအချိန်တွေမှာနှိပ်နယ်ပေးသင့်ပါတယ်။ဒါမှမိဘနဲ့ကလေးပိုပြီးနွေးထွေးမှုအားကောင်းစေမှာပါ။
– ကလေးနွေးနွေးထွေးထွေးရှိတဲ့နေရာ၊အလင်းရောင်အရမ်းမများတဲ့နေရာ၊သူ သက်တောင့်သက်သာဖြစ်တဲ့နေရာမှာ မျက်လုံးချင်းဆုံအောင်ကြိုးစားပြီးနှိပ်နယ်ပေးသင့်ပါတယ်။
– ရေချိုးပြီးတဲ့အချိန်နဲ့ အိပ်ရာမ၀င်ခင်အချိန်ကတော့ သူတို့လေးတွေကိုနှိပ်နယ်ပေးဖို့အကောင်းဆုံးအချိန်ပါပဲ။

54 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.