ဓမ္မတာလာချိန်မှာ များများစားပေးသင့်တဲ့အစားအစာတွေက ဘာတွေလဲ?

ဓမ္မတာလာချိန်မှာ ခန္ဓာကိုယ်တွင်းအားအင်ပြည့်ဝစေပြီး ကျန်းမာစေဖို့ ဒီအစားအစာတွေကိုများများစားပေးဖို့လိုအပ်ပါတယ်။ဘယ်လိုအစားအစာတွေက စိတ်ရော လူပါကျန်းမာစေလဲဆိုရင်…

*ဂေါ်ဖီထုပ်


ကုန်ဆုံးသွားတဲ့သံဓာတ်တွေကိုပြန်လည်ဖြည့်တင်းနိုင်ဖို့ဂေါ်ဖီထုပ်များများစားဖို့လိုအပ်ပါတယ်။ဂေါ်ဖီထုပ်မှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သလိုမဂ္ဂနီဆီယမ်နဲ့ပိုတက်ဆီယမ်ဓာတ်တွေလည်းကြွယ်ဝလို့ အစာမကြေဖြစ်တာ၊ကြွက်သားနာကျင်ကိုက်ခဲတာတွေကိုလျှော့ချပေးနိုင်စွမ်းရှိပါတယ်။

*ငှက်ပျောသီး


ငှက်ပျောသီးကိုလည်း အဆာပြေအစားအစာအဖြစ် စားပေးသင့်ပါတယ်။ငှက်ပျောသီးမှာလည်း ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်နဲ့အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်လို့ ခေါင်းမူးတာ၊အော့အန်ချင်စိတ်ဖြစ်တာ၊ဗိုက်အောင့်ဗိုက်နာစတဲ့ဝေဒနာတွေကိုသက်သာစေနိုင်ပါတယ်။

*ချောကလက်အမည်း


ဓမ္မတာလာချိန် ချောကလက်အမည်းစားပေးတာကလည်း ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ချောကလက်အမည်းမှာဆိုရင် သံဓာတ်၊မဂ္ဂနီဆီယမ်နဲ့တစ်ခြားသော antioxidant တွေပါဝင်လို့ သွေးလည်ပတ်မှုကိုပိုမိုကောင်းမွန်စေပြီး စိတ်ခံစားချက်ကိုလည်းကောင်းမွန်စေပါတယ်။

*ဆဲလ်မွန်ငါး


Omega 3 acid ပါဝင်တဲ့ဆဲလ်မွန်ငါးဟာ ပရိုတိန်းဓာတ်လည်းကြွယ်ဝစွာပါဝင်ပါတယ်။ဆဲလ်မွန်ငါးကို ဓမ္မတာလာချိန် ချက်ပြုတ်စားသုံးပေးမယ်ဆိုရင် ဗိုက်နာ၊ခါးနာတာကိုသက်သာစေပြီး သွေးလည်ပတ်စီးဆင်းမှုကိုလည်း ပုံမှန်အတိုင်းဖြစ်စေပါတယ်။

*ဂျင်းလက်ဖက်ရည်


ဂျင်းလက်ဖက်ရည်သောက်ပေးတာဟာ ခန္ဓာကိုယ်ကိုက်ခဲနာကျင်မှုကိုလျှော့ချပေးနိုင်ပြီး ၀မ်းဗိုက်မအီမသာ မဖြစ်အောင်ကာကွယ်ပေးထားနိုင်ပါတယ်။နှစ်ရက်ခြားတစ်ခါလောက်သောက်ပေးသင့်ပါတယ်။

*လိမ္မော်သီးနဲ့သံပုယိုသီး


ဓမ္မတာလာချိန်မှာ ဗီတာမင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကိုများများစားပေးပြီး သကြားဓာတ်လွန်ကဲတဲ့အစားအစာတွေကိုလျှော့ချပေးရမှာဖြစ်ပါတယ်။အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကိုများများစားပေးပြီးရေလည်းများများသောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်က အမြဲလန်းဆန်းနေပြီး စိတ်ပင်ပန်းမှုတွေလည်းမဖြစ်စေတော့ပါဘူး။အော့အန်မူးဝေတာတွေလည်းမဖြစ်စေပါဘူး။

Source:Brightside

188 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.