ချိစ်ဝက်ပေါင်ခြေက် ပေါင်မုန့်ညှပ်ကို ဒီလိုလုပ်စားလို့ရတာ သိပြီးပြီလား

မနက်စာကို ပေါင်မုန့်လေးနဲ့ ချိစ်လေး ၊ အသားလေးညှပ်ပြီး ဘိုဘိုဆန်ဆန်စားချင်သူတွေအတွက်ဒါမှမဟုတ် မနက်စာကို အသုပ် ၊ မုန့်ဟင်းခါးစားရတာရိုးလို့ ပြောင်းစားချင်တယ်ဆိုရင်
ဒီပေါင်မုန့်ညှပ်လေးက သင့်ကိုစိတ်ကျေနပ်မှုအပြည့်ဝပေးနိုင်မှာပါ။

Image result for Cheese Sandwich Wrap with bacon

ပြည့်စုံတဲ့ မနက်စာက သင့်ရဲ့တစ်နေ့တာကို ကောင်းကောင်းဖြတ်သန်းနိုင်အောင် ကူညီပေးသတဲ့။ကဲ.. ဒါဆို ဘယ်လိုလုပ်မလဲ.. နည်းလမ်းလေးကို ဆက်ဖတ်ကြည့်ရအောင်

ပေါင်မုန့် တစ်ချပ် ၊ ချိစ်အပြား (ဆိုဒ်ထူထူလေး) သုံးခုကို ပေါင်မုန့်နှစ်ချပ်ကြားထဲ ညှပ်လိုက်ပါမယ်။ပြီးရင် အပေါ်ကနေ ဝက်ပေါင်ခြောက်အပြား သုံးခုကိုအုပ်လိုက်ပါ ။

နောက်ထပ် ဝက်ပေါင်ခြောက်တွေကို မတူတဲ့ပုံစံနဲ့ ပေါင်မုန့်ကိုပတ်လိုက်ပါ။ ပုံထဲမှာ ပြပေးထားတယ်နော်။

မီးငွေ့ငွေ့တည်ထားတဲ့ ဒယ်အိုးထဲ ပေါင်မုန့်ကိုထည့်ပြီး ဟိုဘက် ၊ ဒီဘက်လှည့်ပေးပါ။
ဆီလေးတွေ ဖျစ်ဖျစ်မြည်ပြီး အရောင်ရဲလာပြီဆို အိုးထဲကချလို့ရပါပြီ။

Related image

အလည်ကနေ ဓားလေးနဲ့လှီးပြီး ထွက်ကြလာတဲ့ chessy အလှကိုကြည့်ရင်း သုံးဆောင်ပါလေ။
လုပ်နည်း ဗီဒီယိုလေးလည်းတင်ပေးထားတယ်နော်။

COOKAT [Cheese Bacon Sandwich]

Wrap it with bacon🥓, fill it with cheese!🧀<Cheese Bacon Sandwich>▶Follow Cookat for more deliciousness!

Posted by Cookat on Monday, November 4, 2019

 

130 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.