ထူးထူးဆန်းဆန်း အိမ်မွေးတိရစ္ဆာန်ကို ချစ်မြတ်နိုးသူတွေရဲ့အကျင့်စရိုက်

အိမ်မွေးတိရစ္ဆာန်မွေးကြတဲ့အခါ တစ်ချို့ က ခွေးလေးတွေ ၊ ကြောင်လေးတွေ ၊ ငှက်လေးတွေကို
ချစ်ဖို့ကောင်းလို့ မွေးကြတယ်။ အချို့ ကတော့ ကြောက်ဖို့ကောင်းတဲ့အကောင်တွေဖြစ်တဲ့
ပင့်ကူ ၊ မြွှေ ၊ ဖား စသဖြင့် တွားသွားသတ္တဝါတွေ မွေးရတာကြိုက်ပါတယ်။

Image result for The Reptile Person

တွားသွားသတ္တဝါတိုင်း ကြောက်ဖို့ကောင်းတာတော့ မဟုတ်ပါဘူး။ အချို့ ကောင်တွေက လူယဉ်ပြီးအိမ်မွေးတိရစ္ဆာန်အဖြစ် မွေးလို့ရတယ်။ ငယ်ငယ်လေးတည်းက ပြုစုပျိုးထောင်လာတဲ့အခါ
ဒီအကောင်လေးတွေရဲ့ပုံပန်းသဏ္ဍာန်က ကြောက်ဖို့ကောင်းပေမယ့် သေချာကြည့်ရင် ချစ်ဖို့ကောင်းတယ်ဗျ။

ခွေးတွေကြောင်တွေ မွေးတယ်ဆိုတာ ရိုးရှင်းပါတယ်။ ဒါပေမယ့် ဒီလိုအကောင်တွေမွေးတဲ့
လူတွေရဲ့အကျင့်စရိုက်က ဘယ်လိုမျိုးလဲ။ ဘယ်လိုလူစားတွေဖြစ်မလဲ ကြည့်လိုက်ရအောင် …

Related image

တွားသွားသတ္တဝါချစ်မြတ်နိုးသူတွေဟာ အမှီခိုကင်းကင်းနေလိုသူတွေဖြစ်တယ်။ ခွေးတွေကြောင်တွေဟာ လူတွေရဲ့အာရုံ ၊ ဂရုစိုက်မှုကို အများကြီးလိုအပ်ပါတယ်။ ဒီတွားသွားအကောင်တွေထက်ပိုတောင် အချိန်ပေးရပါတယ်။ ဒီကောင်တွေကြတော့ သူ့ဟာသူနေတတ်တယ်။ ငြိမ်တယ်။ အေးဆေးရှိတယ်။ ဒီအချက်တွေကို သဘောကျလို့ မွေးကြတာဖြစ်သလို ဒီလိုထူးဆန်းတဲ့အကောင်တွေကို ကျွေးမွေးစောင့်ရှောက်ပေးနေရခြင်းဟာ သခင်တွေရဲ့စိတ်ကို ပြီးပြည့်စုံစေတယ်။

Image result for pet snake

ဒီလိုလူမျိုးတွေရဲ့စိတ်အတွက် ထွက်ပေါက်တစ်မျိုးလို့ ပြောလို့ရပါတယ်။ Reptile personတွေဟာ ဟာသဥာဏ်လည်း ပြည့်ဝပြီး အပေါင်းသင်းဆက်ဆံရေးကျယ်ပြန့်သူတွေဖြစ်ကြပါတယ်။
သူများအထင်ကြီးအောင် မွေးတာထက် ကိုယ်မွေးတဲ့အကောင်တစ်ကောင်ရဲ့သဘော သဘာဝနဲ့ စရိုက်လက္ခဏာတွေကို သဘောကျလို့ မွေးကြတာလည်းဖြစ်ပါတယ်။

80 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.