စိတ်ကူးယဉ်ဇာတ်လမ်းတွဲသစ်လေးမှာ တွဲဖက်မြင်တွေ့လာရဖွယ်ရှိတဲ့ Nam Ji Hyun နဲ့ Lee Joon Hyuk

နာမည်ကျော်တောင်ကိုရီးယားမင်းသမီးချောလေး Nam Ji Hyun နဲ့ Lee Joon Hyuk တို့ကို မကြာခင်ဇာတ်လမ်းတွဲသစ်လေးမှာတွဲဖက်မြင်တွေ့လာရဖွယ်ရှိနေပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့က Nam Ji Hyun ရဲ့အေဂျင်စီ Management SOOP ကနေ “Nam Ji Hyun ကို MBC ရဲ့ဒရာမာဇာတ်လမ်းတွဲသစ် “365 : A Year of Defying Fate”ကိုရိုက်ကူးဖို့ ကမ်းလှမ်းထားပါတယ်။သူမဘက်ကလည်း ဒီဇာတ်ညွှန်းကို ဖတ်နေဆဲပါ”လို့အတည်ပြုပြောကြားခဲ့ပါတယ်။Lee Joon Hyuk ကိုလည်းခေါင်းဆောင်မင်းသားအဖြစ်ကမ်းလှမ်းထားတယ်လို့သိရပြီး အတည်ပြုလက်ခံထားခြင်းတော့မရှိသေးပါဘူး။

“365 : A Year of Defying Fate” ဟာ ဂျပန်ဝတ္ထု “Repeat”ကိုအခြေခံပြီးရိုက်ကူးသွားမှာဖြစ်ပြီး ဇာတ်လမ်းပုံစံက လွန်ခဲ့တဲ့တစ်နှစ်ကအချိန်ကိုပြန်ရောက်သွားတဲ့လူ ၁၀ယောက်အကြောင်းကို စိတ်ဝင်စားဖွယ်ရိုက်ကူးပုံဖော်သွားမယ့်စိတ်ကူးယဉ်ဇာတ်လမ်းတွဲဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ Kim Kyung Hee ရိုက်ကူးမှာဖြစ်တယ်လို့သိရပါတယ်။

Source:Soompi

269 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.