မျိုးတုံးပျောက်ကွယ်သွားဖို့ မဖြစ်နိုင်တဲ့ ပိုးဟပ်တွေရဲ့အန္တရာယ်

ပိုးဟပ်တွေဟာ သတ်ဖို့အခက်ခဲဆုံး အင်းဆက်ကောင်လို့ သိပံ္ပပညာရှင်များက ပြောလာပါပြီ။
ဂျာမန်ပိုးဟပ်တွေဟာ တစ်ချိန်တည်းမှာပဲ မျိုးပွားမှုနှုန်း အလွန်မြန်တာကြောင့် အပြတ်ရှင်း ၊
အပြီးသတ်လိုက်ဖို့က ပိုမိုခက်ခဲလာကြောင်း Scientific Reports ဂျာနယ်မှာ သုတေသနပညာရှင်တွေက ဆိုထားပါတယ်။

Image result for Cockroaches

ပိုးဟပ်တွေကို ဓာတုဆေးဝါးတွေနဲ့ သတ်ဖို့ ဘယ်လိုမဖြစ်နိုင်တော့ကြောင်း သုတေသီတွေက
တွေ့ရှိခဲ့ပါတယ်။ သူတို့ကို အင်းဆက်သေဆေးတွေနဲ့ ရှင်းထုတ်နိုင်မယ်ထင်ထားပေမယ့်
အင်းဆက်သေဆေးတွေဟာ ပိုးဟပ်အရေတွက်ကိုသာ လျော့ချနိုင်ပြီး အမြစ်ဖြတ်ဖို့က မလွယ်လှပါဘူး။

ပိုးဟပ်တွေကို သတ်ဖို့နေနေသာသာ မျိုးထပ်မပွားဖို့ကိုတောင် အတော်လေးထိန်းချုပ်ရ
ခက်နေပါတယ်။ ဂျာမန်ပိုးဟပ်အမတစ်ကောင်ဟာ တစ်လမှာ အကောင်ရေ ၃ဝ မျိုးပွားနိုင်တယ်လို့ သိရပါတယ်။မျိုးပွားမှုမြန်ဆန်လွန်းတဲ့ ဒီအင်းဆက်ကောင်တွေကို ရှင်းထုတ်ဖို့ ခေါင်းခဲနေသလို အမြစ်ဖြတ်နိုင်မယ့် ဆေးတွေကိုလည်း သိပံ္ပပညာရှင်တွေ စမ်းသပ်နေကြဆဲဖြစ်ပါတယ်။

Image result for Cockroaches

ပိုးဟပ်တွေဟာ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်အန္တရာယ်ပေးနိုင်တဲ့ ရောဂါပိုးမွှားတွေ အများဆုံးသယ်ဆောင်နိုင်တဲ့ အကောင်တွေပါပဲ။ အိမ်တွေမှာ ပိုးဟပ်ကင်းစင်စေဖို့ သန့်ရှင်းရေးအမြဲလုပ်ဖို့ ၊ အင်းဆက်ပြေးဆေးတွေ မကြာခဏဖြန်းပေးဖို့နဲ့ အင်းဆက်နှင်စက်လေးတွေ ဝယ်ထားခြင်းက မိသားစုကျန်းမာရေးအတွက် အန္တရာယ်ကင်းစေကြောင်း အကြံပြုထားပါတယ်။

193 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.