၁ဝနှစ်တာ အေဂျင်စီမှ ထွက်ခွာလာခဲ့ပြီဖြစ်တဲ့ Kang Ha Neul

SEM အေဂျင်စီကို ၂ဝ၁ဝခုနှစ်မှာ Kang Ha Neul စတင်ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး ၁ဝနှစ်ကြာပြီးနောက်မှာတော့ ထွက်ခွာတော့မယ်လို့ သိရပါတယ်။

Image result for Kang Ha Neul

ဒီကနေ့ နိုဝင်ဘာ ၆ရက်နေ့မှာ SEM ကုမ္ပဏီကလည်း ” Kang Ha Neul နဲ့ စာချုပ်ကပြည့်သွားခဲ့ပါပြီ။ ‘When the Camellia Blooms ’ ဇာတ်ကားပြီးတာနဲ့ ကျွန်တော်တို့ Kang Ha Neul ကို
နှုတ်ဆက်ရတော့မှာပါ။ ၁ဝနှစ်အတောအတွင်း ကျွန်တော်တို့နဲ့အတူ ခရီးဆုံးထိလျှောက်ခဲ့ပေးတဲ့အတွက် Kang Ha Neul ကိုကျေးဇူးတင်ပါတယ်။ ဆက်လက်အောင်မြင်ပါစေ ” လို့ ပြောထားခဲ့ပါတယ်။

Image result for Kang Ha Neul

Kang Ha Neul ဟာ အေဂျင်စီအသစ်တစ်ခုဖြစ်တဲ့ TH ကုမ္ပဏီနဲ့ အလုပ်လုပ်သွားမယ်လို့ သိရပါတယ်။ Kang Ha Neul ပါဝင်တဲ့ ‘When the Camellia Blooms ’ ရုပ်ရှင်ကိုလည်း ထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။ မကြည့်ရသေးတဲ့ ပရိသတ်တွေ အားပေးလိုက်ပါဦးနော်။

107 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.