အင်စတာဂရမ်မှာ ကိုယ်စီ Unfollow လုပ်ခဲ့ကြပြီဖြစ်တဲ့ Miley Cyrus နဲ့ Liam Hemsworth

Miley Cyrus နဲ့ Liam Hemsworth တို့ဟာ ဆယ်စုနှစ်နီးပါး ပြတ်လိုက်ဆက်လိုက်ဖြစ်ခဲ့ကြတဲ့စုံတွဲမို့ လက်ထပ်ပြီး အဆင်မပြေဖြစ်ကြချိန်မှာလည်း ပြန်ပြီးအဆင်ပြေသွားကြလိမ့်မယ်လို့ပရိသတ်တစ်ချို့က ခန့်မှန်းယူဆထားကြပါတယ်။

ဒါပေမဲ့ ပရိသတ်တွေမျှော်လင့်ထားတဲ့အတိုင်းဖြစ်လာဖို့ဆိုတာ အတော်လေးခဲယဉ်းသွားပါပြီ။ဘာလို့လဲဆိုရင်အိမ်ထောင်ရေးကိုအဆုံးသတ်လိုက်ပြီလို့ကြေညာပြီး သုံးလအတွင်းမှာပဲ ကိုယ်စီအချစ်သစ်ရှာဖွေခဲ့ကြ ဖြစ်သလို အခုဆိုရင် တစ်ယောက်ကိုတစ်ယောက် အင်စတာဂရမ်မှာ unfollow လုပ်လိုက်ကြပြီလို့တောင်သိရပါတယ်။

ဘယ်သူကစပြီး Unfollow လုပ်လိုက်လဲဆိုတာကိုတော့ ဘယ်သူမှတိတိကျကျမသိကြပါဘူး။အခုလက်ရှိမှာဆိုရင် Miley Cyrus ဟာသူမနဲ့ Hemsworth တို့အတူနေထိုင်ခဲ့တဲ့အိမ်မှာ ချစ်သူသစ်ဖြစ်တဲ့ Cody Simpson နဲ့ကနေတဲ့ ဗီဒီယိုလေးကို အင်စတာဂရမ်မှာ တင်ထားတယ်လို့သိရပါတယ်။

အရင်တုန်းက Hemsworth နဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေရိုက်ခဲ့တဲ့နေရာဟာ အခုသူတို့နှစ်ယောက်တွဲကနေတဲ့နေရာဖြစ်ပြီး ဒီနှစ်အစောပိုင်းက ကျင်းပခဲ့တဲ့ Met Gala ပွဲမှာ
Miley နဲ့ Liam Hemsworth တို့အတူတွဲကခဲ့တဲ့ သီချင်းဖြစ်တယ်လို့လည်း ပရိသတ်တစ်ချို့ကသတိပြုမိခဲ့ကြပါတယ်။ပြီးတော့ ဒါက Hemsworth ကိုနာကျင်စေလိမ့်မယ်လို့လည်းပရိသတ်တစ်ချို့က ဆိုထားကြပါတယ်။

ပရိသတ်တစ်ချို့ကတော့ သူတို့အားကျရတဲ့စုံတွဲလေး ပြန်ဆုံစည်းဖို့ပိုခက်ခဲသွားပြီဆိုတာကြောင့်ဝမ်းနည်းနေကြသလို အခုအချစ်သစ်အတွက်လည်းသူတို့ကိုယ်စား ၀မ်းသာပေးနေကြပါတယ်။

58 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.