(၆) DAVE GROHL – NIRVANA , QUEENS OF THE STONE AGE, FOO FIGHTERS
Nirvana တ၀ိုက်မှာ အခက်ခဲဆုံးသော ရိုက်ချက်တွေ တီးခတ်နိုင်သူရယ်လို့ Legendary ဘွဲ့ရထားသူပါ။ သူ့ရဲ့စွမ်းရည်တွေကို Queens of the Stone Age အယ်လ်ဘမ်မှာ မြင်တွေ့နိုင်သလို Song For The Deaf မှာလည်း တွေ့နိုင်ပါသေးတယ်။
(၇) CHAD SMITH – RED HOT CHILI PEPPERS
90 ခုနှစ်အစောပိုင်းတွေတုန်းက လော့စ်အန်ဂျလိစ်မှာ ပြိုင်ဘက်ကင်းတဲ့ အခက်ခဲဆုံး ရိုက်ချက်တွေ ၊ metal နဲ့ funk ကိုရောစပ်ထားတဲ့ ညှာတာမှုကင်းတဲ့ရိုက်ချက်တွေနဲ့ စတင်ခဲ့သူပါ။ သူ့ရဲ့ ရူးသွပ်မှုကိုတော့ ဘယ်သူမှ မမှီသေးပါဘူး။ နောက်အနှစ်သုံးဆယ်လောက်ကြာတဲ့အထိ smith နဲ့ bassist Flea တို့ဟာ ပိုပြီးတော့တောင် ကြမ်းလာခဲ့ကြပါသေးတယ်။
(၈) NEIL PEART – RUSH
Rush တီဝိုင်းသားတွေကတော့ အတော်လေး ပါရမီရှိတဲ့ ဂီတသမားတွေလို့ဆိုရမှာပါ။ Keith Moon ကနေ Billy Cobham အထိ၊ နောက်ဆုံး Big Bang music ပါမကျန် Peart ဟာ ဒရမ်သမားတွေရဲ့ သမိုင်းကြောင်းကို နားလည်အောင် လေ့လာသင်ယူခဲ့သူတစ်ဦးပါ။ သူဟာ Rush အတွက် ဒရမ်သမားတစ်ဦး ဖြစ်ရုံသာမက သီချင်းရေးဆရာတစ်ဦးလည်း ဖြစ်ပါသေးတယ်။
(၉) DAVE LOMBARDO – SLAYER
Slayer ရဲ့ စတင်တည်ထောင်သူတွေထဲမှာ တစ်ဦးအပါအ၀င်ဖြစ်သူ Dave Lombardo ဟာ ဒီနေ့ခေတ် metal လောကရဲ့ အဓိကပုံဖော်သူတွေထဲလည်း တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ ဒရမ်သမားတွေ ဆိုတာ metal လောကရဲ့ သမိုင်းကြောင်းပါပဲ။
(၁၀) TONY ALLEN – LEADER OF FELA KUTI’S AFRICA 70
afrobeat ရစ်သမ်ရဲ့ ဖခင်ကြီးပါ။ West African ရစ်သမ်နဲ့ စတိုင်တွေအတွက် မရေတွက်နိုင်တဲ့ အမေရိကန် တေးဂီတသမားတွေရဲ့ ကြည်ညိရှုစားခြင်းကို ခံခဲ့ရသူပါ။ နောက်ပိုင်းမှာ hip-hop တေးဂီတ စတိုင်မျိုးကိုလည်း ပူးပေါင်းတီးခတ်လာပါတယ်။
Ref:greenlabel