မကြာခင်စစ်မှုထမ်းဆောင်ဖို့သွားတော့မယ့် မင်းသား Hong Jong Hyun

အခုလတ်တလော MRTV-4 မှာပြသနေတဲ့ “Mother of Mine” ဇာတ်လမ်းတွဲထဲက မင်းသားချောလေး Hong Jong Hyun ဟာ မကြာခင်စစ်မှုထမ်းဆောင်ဖို့သွားတော့မှာဖြစ်တယ်လို့သိရပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့က မင်းသားရဲ့အေဂျင်စီ C-JeS Entertainment က “မင်းသား Hong Jong Hyun ဟာ ဒီဇင်ဘာ ၂ ရက်နေ့မှာ စစ်မှုတာဝန်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။Traininig Camp ၀င်တဲ့အခါ ကျွန်တော်တို့နေရာကို အတည်ပြုပေးပါမယ်။နောက်မှ ကျွန်တော်တို့ထပ်ကြေညာပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

Hong Jong Hyun ဟာ ၂၀၀၇ ခုနှစ်တုန်းက မော်ဒယ်လ်ဘ၀နဲ့ အနုပညာလောကထဲကိုစတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ”A Frozen Flower”ဇာတ်ကား စတင်ရိုက်ကူးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ SBS ကရိုက်ကူးတဲ့ “Absolute Boyfriend” ဇာတ်လမ်းတွဲနဲ့
ပရိသတ်အားပေးမှုများစွာရရှိလာခဲ့ပြီး ဒီ ၂၀၁၉ အတွင်းရိုက်ကူးထားတဲ့”Mother of Mine”ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှုပိုရလာခဲ့တာဖြစ်ပါတယ်။

Related image

Source:Soompi

181 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.