ရိုက်ကွင်းတွင် ဗုံးတွေ့ရှိမှုကြောင့် “The Eternals” ရုပ်ရှင်အဖွဲ့သားများ ထိတ်လန့်ခဲ့ရ

Marvel ကနေ ထွက်ရှိမယ့် ”The Eternals” ရုပ်ရှင်အတွက် အားလုံးကကြိုးစား အားထုတ်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နိုဝင်ဘာ ၄ရက်နေ့က Canary ကျွန်းမှာ ရိုက်ကူးရေးလုပ်နေချိန်မထင်မှတ်ပဲ ဗုံးတစ်လုံးတွေ့ရှိတယ်လို့ သိရပါတယ်။

Unexploded Bomb Found On Set Of Marvel’s “The Eternals” Starring Ma Dong Seok And Angelina Jolie

သူသတင်းကြောင့် ပရိသတ်တွေထိတ်လန့်ခဲ့ရပါတယ်။ ဗုံးတွေ့ရှိမှုကြောင့် Angelina Jolie, Richard Madden နဲ့ အခြား ရုပ်ရှင်အဖွဲ့သားတွေအားလုံး လုံခြုံရေးအတွက် ရိုက်ကူးရေးကို ရပ်နားလိုက်ပြီး Ma Dong Seok ကတော့ သူတို့ရိုက်နေတဲ့ scene မှာ မပါသေးပါဘူး။

လုံခြုံရေးတွေရောက်လာပြီး ဗုံးကိုအန္တရာယ်ကင်းစွာပဲ ဖယ်ထုတ်လိုက်ပါတယ်။ နိုင်ငံကြားသတင်းထုတ်ပြန်ချက်များအရ ဒီဗုံးဟာ အတော်ကြာနေပြီဖြစ်သလို ဒုတိယ ကမ္ဘာစစ်က ကျန်ခဲ့တဲ့ဗုံးလို့ ပြောသံတွေကြားရပါတယ်။ တကယ်လို့ မတော်တဆ မသိပဲ ထိမိသွားရင် မတွေးရဲစရာပဲလို့ ရုပ်ရှင်အဖွဲ့သားများက ကြောက်လန့်ခဲ့ရပါတယ်

Image result for Unexploded Bomb Found On Set Of Marvel’s “The Eternals” Starring Ma Dong Seok And Angelina Jolie

”The Eternals”ဟာ ဒုတိယကမ္ဘာစစ်အချိန်ကို အခြေခံထားပြီး ဂျာမဏီစစ်တပ်ကိုလည်း
ရုပ်ရှင်အတွက် အသုံးပြုရိုက်ကူးနေတာဖြစ်ပါတယ်။ ၂ဝ၂ဝ နိုဝင်ဘာလ (၆)ရက်နေ့ထွက်ရှိသွားမှာဖြစ်ပါတယ်။

278 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.