မကြာခင်တွဲဖက်မြင်တွေ့ရဦးမယ့် ပရိသတ်အချစ် မင်းသားနှစ်လက်…

“Goblin” ဇာတ်လမ်းတွဲပြီးကတည်းက မဆုံဖြစ်ခဲ့ကြတဲ့ အနုပညာညီအစ်ကိုနှစ်ယောက်ဟာ မကြာခင် ပြန်လည်ဆုံတွေ့ရပါတော့မယ်။

“Goblin”ဇာတ်လမ်းတွဲဟာ လူကြိုက်များအောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲဖြစ်ခဲ့သလို Gong Yoo နဲ့ Lee Dong Wook တို့ရဲ့ Bromance ဟာလည်း ပရိသတ်တွေကြားမှာ အချစ်ပိုစရာတစ်ခုဖြစ်ခဲ့ပါတယ်။ပရိသတ်တွေက သူတို့နှစ်ယောက်ကို ဘယ်မှာအတူတူတွဲမြင်ရဦးမလဲဆိုရင် Lee Dong Wook ရဲ့ ”Lee Dong Wook Wants To Talk” Talk show အစီအစဉ်သစ်မှာပဲဖြစ်ပါတယ်။

SBS ကစီစဉ်တင်ဆက်တဲ့ Lee Dong Wook ရဲ့ Talk Show မှာ Gong Yoo ကို ဧည့်သည်အဖြစ်ဖိတ်ကြားထားခဲ့တယ်လို့သိရပြီး Gong Yoo ကလည်း လာရောက်မှာဖြစ်ကြောင်း အတည်ပြုခဲ့ပါပြီ။Gong Yoo ဟာ ဒီ Talk Show ကို လာဖို့ဖိတ်ကြားခံရတဲ့ ပထမဆုံးဧည့်သည်လည်းဖြစ်ပါတယ်။

တာဝန်ရှိသူတွေကလည်း “Gong Yoo ဟာ Lee Dong Wook နဲ့ အတူ Lee Dong Wook Wants To Talk အစီအစဉ်ရိုက်ကူးဖို့ ဂျယ်ဂျူကျွန်းကိုရောက်ရှိနေပါတယ်။သူက ဒီအစီအစဉ်ရဲ့ပထမဆုံးဧည့်သည်ဆိုတာလည်း အမှန်ပါပဲ”လို့ပြောကြားခဲ့ပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့သံယောဇဉ်က အတော်လေးကို ခိုင်မာကြီးမားတယ်ဆိုရမှာပါပဲ။Lee Dong Wook Wants To Talk ပထမပိုင်းကို ဒီဇင်ဘာ ၄ ရက်နေ့မှာစတင်ကြည့်ရှုရတော့မှာဖြစ်ပါတယ်။ညီအစ်ကိုနှစ်ယောက်ပေါင်းပြီး ပရိသတ်တွေကို ဘယ်လိုအသစ်အဆန်းခံစားမှုတွေပေးစွမ်းသွားဦးမလဲဆိုတာ စောင့်မျှော်အားပေးကြဦးနော်

357 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.