Fantastic Beasts 3 မှာ ဘယ်အနုပညာရှင်တွေပြန်ပါဝင်လာမှာလဲ?

ပရိသတ်တွေရှေ့ကိုပြန်လည်ရောက်ရှိလာတော့မယ့် Fantastic Beasts 3 ဟာ အရင်ဇာတ်လမ်းတွေထက်ပိုပြီးစိတ်လှုပ်ရှားရင်ခုန်ဖွယ်ကောင်းလာနိုင်ပါတယ်။ဘာလို့လဲဆိုရင် သတင်းဖော်ပြချက်တွေအရ Harry Potter ကိုဖန်တီးရေးသားခဲ့သူ စာရေးဆရာမ J.K. Rowling ဟာ
Steve Kloves နဲ့တွဲဖက်ပြီး ဇာတ်ညွှန်းရေးသားသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဒီ Fantastic Beasts 3 မှာ ဘယ်အနုပညာရှင်တွေပြန်လည်ပါဝင်လာမလဲဆိုတာကိုလည်း ပရိသတ်တွေသိချင်ကြမယ်ထင်ပါတယ်။ဘယ်သရုပ်ဆောင်တွေပြန်ပါလာမလဲဆိုရင် Eddie Redmayne (Newt Scamander) ၊ Jude Law (Dumbledore ) ၊Johnny Depp ( Gellert Grindelwald) ၊ Ezra Miller (Credence) ၊ Alison Sudol (Queenie Goldstein) ၊ Dan Fogler ( Jacob Kowalski ) ၊ Kathering Waterson (Tina Goldstein) တို့ပဲဖြစ်ပါတယ်။

Fantastic Beasts ဇာတ်ကားတွေဟာ Harry Potter ဇာတ်ကားတွေလိုပဲ ၀င်ငွေများစွာရရှိခဲ့တဲ့ဇာတ်ကားတွေဖြစ်ပါတယ်။နောက်ထပ် ထွက်ရှိလာမယ့် Fantastic Beasts 3 ဟာလည်း အောင်မြင်ဦးမယ်ဆိုတာ မလွဲပါဘူး။မီဒီယာတွေရဲ့ဖော်ပြချက်အရ Fantastic Beasts 3 ဇာတ်ကားကို ၂၀၂၀ မှာစတင်ရိုက်ကူးသွားမှာဖြစ်ပြီး ၂၀၂၁၊နိုဝင်ဘာ ၂၁ ရက်နေ့မှာရုံတင်ပြသဖို့စီစဉ်ထားကြောင်းသိရပါတယ်။

59 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.