ဗီတာမင် D ရအောင် နေရောင်ခြည်ဘယ်လောက်ကြာကြာခံပေးသင့်လဲ?

နေရောင်ခြည်ကနေ ဗီတာမင် D ဓာတ်ရတယ်ဆိုတာကိုတော့ အများစုသိပြီးသားဖြစ်ကြမှာပါ။ဗီတာမင် D ဓာတ်ဟာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်အရေးပါတဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ဒါပေမဲ့ လူတစ်ချို့က မနက်စောစောစီးစီးအလုပ်သွားရပြီး ညနေနောက်ကျမှပြန်ရတဲ့အတွက် နေရောင်ခြည်ဒဏ်ကိုမခံရပါဘူး။ကြာလာတဲ့အခါ ဗီတာမင် D ဓာတ်ချို့တဲ့လာပါတယ်။လေ့လာချက်တွေအရဆို အမေရိကန်လူငယ် ၄၀ ရာခိုင်နှုန်းကျော်ဟာ ဗီတာမင် D ချို့တဲ့မှုကိုခံစားနေရကြောင်းသိရပါတယ်။

နေရောင်ခြည်ဒဏ်ကို အကြာကြီးခံတာလည်း အသားအရည်အတွက်မကောင်းသလို မလုံလောက်ပြန်ရင်လည်း ဗီတာမင် D ဓာတ်က ချို့တဲ့လာနိုင်ပါတယ်။ဆေးဝါးတွေကူရင်ရပေမဲ့ နေရောင်ခြည်ဒဏ်ခံပေးတာက အလွယ်ကူဆုံးနဲ့အထိရောက်ဆုံးဗီတာမင် D ဖြည့်တင်းခြင်းပါပဲ။ဗီတာမင် D ဟာ အရေပြားကင်ဆာ၊စိတ်ဖိစီးမှုတွေ၊ကြွက်သားအားနည်းခြင်းတွေမဖြစ်အောင်ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ဒါဆို ဗီတာမင် D ဓာတ်လည်းရအောင်၊အန္တရာယ်လည်းမဖြစ်အောင် နေရောင်ခြည် ဘယ်လိုခံကြမလဲ?

ဗီတာမင် D လုံလောက်စွာရစေဖို့ မနက် ၁၁ နာရီကနေ နေ့လည် ၁ နာရီအတွင်း နေရောင်ခြည်ခံတာဟာ အကောင်းဆုံးဖြစ်တယ်လို့လေ့လာချက်တွေအရသိရပါတယ်။နေရောင်ခြည်ခံတဲ့အခါမှာလည်း ကိုယ့်ရဲ့အသားအရည်ပေါ်မူတည်ပြီး အချိန်ကွာဟသွားပါတယ်။သင့်ရဲ့အသားအရည်က ပုံမှန်အသားအရည်ဖြစ်တယ်ဆိုရင်တော့ Sunscreen မလိမ်းပဲ တစ်ပတ်ကို ၃ကြိမ် ၁၀မိနစ်ကနေ မိနစ် ၃၀ ထိ နေရောင်ခံပေးသင့်ပါတယ်။အသားအရည်ကထိခိုက်လွယ်တယ်ဆိုရင်တော့ အရေပြားအပူလောင်ခြင်း၊နီမြန်းခြင်းမဖြစ်အောင် ၁၀ မိနစ်၊၁၅ မိနစ်လောက်ပဲ နေရောင်ခံပေးသင့်ပါတယ်။နေရောင်ခံပြီးရင်တော့  အသားအရည်ကိုကာကွယ်တဲ့အနေနဲ့ နေရောင်ခံ sunscreen လိမ်းပေးထားဖို့လိုပါတယ်။

59 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.