Teaser နဲ့တင် ကြည့်ချင်စိတ်တွေ တဖွားဖွားပေါ်လာစေတဲ့ “Crash Landing on You”

တောင်ကိုရီးယားရဲ့နာမည်ကြီးအနုပညာရှင်တွေဖြစ်ကြတဲ့ Hyun Bin နဲ့ Son Ye Jin တို့ကို တွဲဖက်မြင်တွေ့ရမယ့် “Crash Landing on You” ဇာတ်လမ်းတွဲသစ် Teaser လေးတွေထွက်ရှိလာခဲ့ပါပြီ။

လေထီးစီးရင်း မြောက်ကိုရီးယားနိုင်ငံထဲကို ရောက်သွားခဲ့တဲ့သူဌေးသမီးလေး Yoon Se Ri နဲ့ မြောက်ကိုရီးယားစစ်အရာရှိ Ri Jung Hyak တို့အကြားဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းလေးကို ပဋိပက္ခတွေ၊ဟာသလေးတွေနဲ့ စိတ်လှုပ်ရှားရင်ခုန်စွာကြည့်ရှုရမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲသစ်လေးမှာ Son Ye Jin ကို Yoon Se Ri အဖြစ်မြင်တွေ့ရမှာဖြစ်ပြီး Hyun Bin ကို Ri Jung Hyak အဖြစ်မြင်တွေ့ရမှာပါ။

“Crash Landing on You”ဇာတ်လမ်းတွဲကို ဆွစ်ဇာလန်နဲ့ မွန်ဂိုလီးယားနိုင်ငံတို့မှာသွားရောက်ရိုက်ကူးထားတာဖြစ်ပြီး လှပတဲ့ပတ်ဝန်းကျင်ရှုခင်းတွေကိုလည်းဒီဇာတ်လမ်းတွဲသစ်လေးမှာ ကြည့်ရှုခံစားရဦးမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးကြည့်ပြီး ခရီးသွားချင်စိတ်တွေ တဖွားဖွားပေါ်လာမိမှာ သေချာပါတယ်။

Son Ye Jin နဲ့ Hyun Bin တို့ဟာ ၂၀၁၈ ထဲမှာလည်း “The Negotiation”ဇာတ်ကားကို အတူရိုက်ကူးထားခဲ့ပြီး ဒါက ဒုတိယအကြိမ်မြောက်တွဲဖက်သရုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။

တောင်ကိုရီးယားသူလေးနဲ့ မြောက်ကိုရီးယားသားတို့ရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အချစ်ဇာတ်လမ်းလေးကို ဒီဇင်ဘာလထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းတွဲလေး မပြသခင် ပရိသတ်တွေအတွက် Teaser ဗီဒီယိုလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

525 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.