မလိုချင်တဲ့ အမွှေးမျှင်တွေကို ဖယ်ရှားဖို့ မုန့်ဖုတ်ဆော်ဒါတစ်မျိုးပဲ လိုတယ်ဆိုတာသိပြီးပြီလား

မုန့်ဖုတ်ဆော်ဒါဆိုတာ မုန့်ပဲဖုတ်နေဖို့အတွက် မဟုတ်ပါဘူး။ အသားရည်ကြည်လင်ဝင်းပချင်သူနဲ့ မလိုချင်တဲ့ အမွှေးမျှင်တွေကို ဖယ်ရှားရာမှာလည်း တကယ်အသုံးဝင်တဲ့ ပစ္စည်းလေးတစ်ခုပဲ
ဖြစ်ပါတယ်။

Image result for baking soda remove hair

ဆိုတော့ မုန့်ဖုတ်ဆော်ဒါကို အမွှေးဖယ်ရှားဖို့ ဘယ်လို သုံးစွဲရမလဲ။ နည်းလမ်းလေးက အရမ်းကိုလွယ်ကူရိုးရှင်းပါတယ်။ ကိုယ်သုံးမယ့် ပမာဏပေါ်မူတည်ပြီး မုန့်ဖုတ်ဆော်ဒါကို ရေနွေးလေးနဲ့ ရောလိုက်ပါ။

Related image

ပြီးရင် ရောသမမွှေပြီး ခပ်နွှေးနွှေးအနေထားရောက်ပြီဆိုရင် အမွှေးမျှင်ပေါ် သုတ်လိမ်းလိုက်ပါ။

Image result for baking soda remove hair

၅မိနစ်လောက်ကြာရင် သုတ်လိမ်းထားတဲ့ နေရာအနှံ့မှာ အဖြူခဲတွေကပ်နေပါလိမ့်မယ်။
အဲ့ဒါကို အဝတ်စိုလေးနဲ့ (သို့) wax tissue လေးနဲ့ ဖယ်ရှားလိုက်ပါ။ အမွှေးတွေ ပါသွားပါလိမ့်မယ်။တစ်ခုသတိထားရမှာက စစလုပ်ချင်းမှာ အမွှေးတွေအားလုံး မပြောင်စင်သွားနိုင်ပါဘူး။
သုံးရက်လောက် ဆက်တိုက်လုပ်ပေးမှ အမွှေးတွေဟာ တဖြည်းဖြည်းပါးလာပြီး ပြောင်ရှင်းသွားမှာဖြစ်ပါတယ်။

အိမ်တွင်းနည်းလမ်းတွေကို အသုံးပြုတဲ့အခါ စိတ်ရှည်ဖို့လိုပါတယ်။ စိတ်ရှည်ရှည်နဲ့ အချိန်ပေးနိုင်မှလည်း တကယ်ကောင်းမွန်တဲ့ရလဒ်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ကဲ.. လုပ်ကြည့်လိုက်ဦးနော်..

753 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.