ဇာတ်လမ်းတွဲသစ်တစ်ခုမှာ တွဲဖက်မြင်တွေ့ရဖွယ်ရှိတဲ့ Lee Kyu Hyung နဲ့ Kim Tae Hee

နာမည်ကျော်တောင်ကိုရီးယားအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Lee Kyu Hyung ကို မကြာခင်ဇာတ်လမ်းတွဲသစ်တစ်ခုမှာ မြင်တွေ့ရဖွယ်ရှိပါတယ်။

နိုဝင်ဘာ ၄ရက်နေ့မနက်ပိုင်းမှာပဲ သတင်းမီဒီယာတစ်ခုကနေ မင်းသား Lee Kyu Hyung ကို tvN ရဲ့ ဇာတ်လမ်းတွဲသစ်မှာ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ဖို့ကမ်းလှမ်းထားတယ်ဆိုတဲ့အကြောင်းရေးသားဖော်ပြခဲ့ပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီး မင်းသားရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က “Lee Kyu Hyung ဆီကို tvN ကနေ “Hello,Mom”ဆိုတဲ့ဇာတ်လမ်းတွဲသစ်မှာခေါင်းဆောင်မင်းသားအဖြစ်သရုပ်ဆောင်ဖို့ကမ်းလှမ်းထားပါတယ်။မင်းသားအနေနဲ့လည်းဒီကမ်းလှမ်းချက်ကို လက်ခံဖြစ်ဖို့များပါတယ်”ဆိုပြီး အတည်ပြုခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲအတွက် ခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ဖို့ကိုတော့ မင်းသမီး Kim Tae Hee ကိုကမ်းလှမ်းထားပြီးသူမဘက်ကလည်း ဇာတ်ညွှန်းကိုလေ့လာနေဆဲဖြစ်တယ်လို့သိရပါတယ်။”Hello,Mom”ဇာတ်လမ်းတွဲကို ဒါရိုက်တာ Yoo Jae Won ရိုက်ကူးမှာဖြစ်တယ်လို့သိရပြီး ဇာတ်လမ်းပုံစံဟာ သေသွားခဲ့ပေမဲ့ လူပြန်ဝင်စားလာတဲ့ အမျိုးသမီးနဲ့ သူမ သေဆုံးသွားလို့ ၀မ်းနည်းပက်လက်ကြေကွဲနေရတဲ့ခင်ပွန်းဖြစ်သူတို့အကြား သဘာဝလွန်ဖြစ်ရပ်တွေနဲ့ပုံဖော်ရိုက်ကူးထားတဲ့စိတ်ကူးယဉ်ဒရာမာဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။

ကမ်းလှမ်းခံထားရတဲ့အနုပညာရှင်တွေက လက်ခံမယ်ဆိုရင်တော့ပရိသတ်တွေဟာ မင်းသား Lee Kyu Hyung နဲ့ မင်းသမီး Kim Tae Hee တို့ကိုတွဲဖက်မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။

Source:Soompi

156 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.