မထင်မှတ်ထားတဲ့ကိစ္စတွေ ကြုံလာတဲ့အခါ ရင်ဆိုင်ဖို့အသင့်ဖြစ်ပြီလား

မထင်မှတ်ထားတဲ့ ကိစ္စတွေဟာ ဂြိုလ်ဆိုးမွှေသလို ရောက်လာတတ်တယ်။ ဘယ်လိုအခြေအနေမျိုးမှာမဆို ရင်ဆိုင်နိုင်အောင် အဆင်သင့်ပြင်ထားဖူးလား။ ကျွန်တော်ကိုယ်တိုင်တောင်
အမှတ်တမဲ့ နေမိတုန်းပါပဲ။ ဒါပေမယ့် ရုတ်တရက်ကျရောက်လာတဲ့ ကံကြမ္မာဆိုးတွေကို
ကျွန်တော်တို့အနေနဲ့ အရင်ဆုံး လက်ခံနိုင်အောင် ကြိုးစားရပါတယ်။

တခါတလေ မဖြစ်ချင်တဲ့ ၊ ရင်မဆိုင်ချင်တဲ့အရာတွေ ကြုံလာတဲ့အခါ ကျွန်တော်တို့အားလုံးဟာ
အမှန်တရားကို လက်ခံဖို့ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲ ? ရင်ဆိုင်ဖို့ အားမရှိသေးလို့ပါ။
ကိုယ့်ကိုထိခိုက်နာကျင်စေလာတဲ့အရာအားလုံးကို ရှောင်လွှဲလို့ရရင်ကောင်းမှာပေါ့ဗျာ။

Related image

ရွေးချယ်စရာမရှိတဲ့အခါ ရင်ဆိုင်လိုက်တာက ပိုကောင်းပါတယ်။ ရင်ဆိုင်တဲ့အခါမှာလည်း
ကြိုတင်ပြင်ဆင်ထားမှ သတ္တိဆိုတာမွေးလို့ရမှာပေါ့။ ဒီလိုမဟုတ်ပဲ ဝုန်းဒိုင်းဖြစ်ပေါ်လာတဲ့ အခြေအနေတွေတွေ့လာတဲ့အခါ အဆင်သင့်ပြင်ဆင်ထားမှုမရှိရင် အမှားတွေလုပ်မိနိုင်ပါတယ်။
ခေါင်းအေးအေးထားပြီး စဉ်းစားတတ်ရင် တစ်မျိုးပေါ့။ သူများပြာတာနဲ့ ကိုယ်ပါစိတ်လှုပ်ရှားလွယ်နေရင် ဆုံးဖြတ်ချက်ကောင်းချမှတ်နိုင်မှာ မဟုတ်ပါဘူး။ အသေချာပါပဲ။

ဥပမာ သင့်ရှေ့မှာ လူတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ဓားထောက်ပြီး ခြိမ်းခြောက်နေတယ်။ ပိုက်ဆံထုတ်ပေးဖို့ ပြောတယ်။ ဘယ်လူဆိုးကိုမဆို ကိုယ့်ပိုက်ဆံ ဘယ်ပေးချင်ပါ့မလဲ။ သင်သာ ဒီနေရာမှာဆို ကောင်မလေးကို အသေခံမလား ၊ ပိုက်ဆံပေးလိုက်မလား ။ ဘယ်ဟာ ရွေးမလဲ။ နှစ်ခုစလုံးမရွေးပဲ လူဆိုးရဲ့အားနည်းချက်ကို ရှာမလား။ သင်နဲ့ကောင်မလေး လွတ်မြောက်နိုင်မယ့် နည်းလမ်းကို ဒီလိုအချိန်ကြီးမှာ စဉ်းစားနိုင်လား။ အနားမှာ လူတွေတစ်ယောက်မှမရှိရင်ရော.. ဘယ်လိုအကူညီတောင်းမလဲ။ ကဲ.. သင်ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ ?

Related image

ဒါက ဥပမာပြောတာပါ။ သင့်ကို မနာလိုတဲ့လူတစ်ယောက်က ပစ္စည်းအလွဲသုံးစားလုပ်ပြီး သူ့အပြစ်တွေအားလုံး သင့်အပေါ်ကျရောက်လာအောင် ယုတ်မာခဲ့မယ်ဆိုရင်ရော .. ဘယ်လိုလုပ်မလဲ။ သက်သေတွေအကုန်လုံး ရှာမရအောင် သူကဖျောက်ထားမယ်ဆိုရင်ရော … သင်ဖြေရှင်းနိုင်ပါ့မလား ။ တစ်ခါတစ်လေ ကိုယ်ကဘယ်လောက်မှန်နေပါစေ …. မသမာတဲ့လူတွေဟာ ကိုယ့်ထက်ခြေတစ်လှမ်းသာနေတတ်တယ်။ အမှန်တရားကိုမြတ်နိုးပါတယ်ဆိုတဲ့
လူတွေကပဲ အဲ့ဒီအမှန်တရားမပေါ်အောင် ဖုံးကွယ်ပေးထားကြပြန်ပါတယ်။ ဒီလိုအကျင့်ပျက်ချစားနေတဲ့ လူတွေကြားမှာ သင်ရော ဘယ်လိုလုပ်မလဲ ။
သူတို့လို မိုးခါးရေသောက်လိုက်မှာလား ။ လောကကြီးက မတရားဘူးလို့ ကျိန်ဆဲပစ်မလား။

ကျွန်တော်တို့က လူသားဖြစ်နေတဲ့အတွက် ကျန်ရှိသေးတဲ့နေ့ရက်တွေကို ကြိုးစားပြီး အသက်ရှင်သန်နေရဦးမယ်။ မနက်ဖြန်မှာ အကောင်းဆုံးတွေ ဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တစ်ချို့ ကဇွဲမလျော့ပဲ ရုန်းကန်နေကြတယ်။ လူ့ဘဝမှာ ကောင်းတာပြီးရင် ဆိုးတာတွေလာမယ်။ ဒီနှစ်ခုပဲရှိတယ်။ အဲ့ဒီတော့ အကောင်းဆုံးတွေကြုံလာရင် လွတ်လွတ်လပ်လပ် ပျော်ပါးလိုက် ။ ဆိုးတာတွေဖြစ်လာတဲ့အခါလည်း လက်ခံနိုင်အောင် ၊ ခေါင်းအေးအေးနဲ့ စဉ်းစားပြီး
ဆုံးဖြတ်တတ်အောင် ၊ အမှောင်ကျနေတဲ့ အမှန်တရားတွေ ဖော်ထုတ်လာနိုင်အောင် ကျွန်တော်တို့အသက်ရှင်နေသေးသရွေ့ ကြိုးစားပေဦးမယ်။

81 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.