ဆိုရှယ်မီဒီယာရဲ့ရိုက်ခတ်မှုကြောင့် မိမိအနားကသူတွေကိုတောင် အဝေးပို့မိနေပြီလား

လူငယ်တွေကြည့်လိုက်ရင် ဖုန်းနဲ့မျက်နှာခွာတယ်ဆိုတာ ရှားပါတယ်။ ကြည့်လိုက်ရင် အားလုံးကဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေကြတာပါပဲ။ ဆိုရှယ်မီဒီယာဆိုတာ အသုံးချတတ်ရင် အကျိုးရှိသလိုအသုံးမချတတ်ရင် ဘဝပျက်စီးသွားနိုင်ပါတယ်။

Image result for using social media

အခုခေတ်မှာ ဆိုရှယ်မီဒီယာရဲ့ရိုက်ခတ်မှုက လူငယ်တွေရဲ့ပေါင်းသင်းဆက်ဆံမှုကိုပါ ထိခိုက်စေလာတော့တာပါပဲ။ ဂိမ်းဆိုလည်း ဂိမ်းအလျောက် စွဲသွားပြီဆို အစားပျက် ၊ အအိပ်ပျက် ။
ဘာကိုမှ စိတ်မဝင်စားတော့ပါဘူး။ ဒီဂိမ်းပဲ အမြဲဆော့ချင်နေတော့တာမျိုးပေါ့။ ဆိုရှယ်မီဒီယာပေါ်စွဲလမ်းလာတာနဲ့အမျှ ကိုယ့်ဘေးနားက မိဘတွေ ၊ သူငယ်ချင်း ၊ ချစ်သူတွေကို ဂရုမစိုက်မိတာ ဘယ်လောက်ကြာပြီလဲဆိုတာ သတိထားမိရဲ့လား ။

Image result for using social media

ကိုယ်က အချိန်ခဏလေးလို့ထင်နေတဲ့အချိန် မျက်စိတစ်မှိတ်အတွင်းမှာပဲ ကိုယ်မသိလိုက်ချိန်
ချစ်ရတဲ့သူတွေမရှိတော့ရင် ဘယ်လိုလုပ်မလဲ။ ငါဂရုစိုက်ပေးခဲ့ရင် ကောင်းသားလို့ နောင်တရနေမှာလား။ ရှိနေတုန်း တန်ဖိုးစောင့်ရှောက်မှာလား။ စဉ်းစားကြည့်ပါဦး…

အလုပ်ပျက် အကိုင်ပျက်နဲ့ ဘာမှတိုးတက်မှုမရှိတဲ့ ဆိုရှယ်မီဒီယာပေါ်က သူများဘဝတွေကို
လိုက်ကြည့်နေမယ့်အစား ကိုယ့်အချိန်ကိုယ် အကျိုးရှိအောင်အသုံးချပြီး လမ်းဖောက်သင့်နေပါပြီ။ အသက်တွေက ငယ်သွားတာမှ မဟုတ်တာ။ အရွယ်ရောက်လာတာနဲ့အမျှ ရင်ဆိုင် ဖြတ်ကျော်စရာတွေ အများကြီးကြုံလာရမှာပါ။ အဲ့ဒီအခါ ဖုန်းပဲ ကြည့်နေချင်လို့ မရပါဘူး။

ဒါကြောင့် ချစ်တဲ့လူတွေ မဆုံးရှုံးခင် ၊ အချိန်တွေကို အလဟဿမဖြန်းတီးခင် သေချာချင့်ချိန်ပြီး
စိတ်ပိုင်းဖြတ်ပါတော့….

72 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.