အသည်းကွဲတဲ့ ဝေဒနာဟာ ဘယ်အချိန်လောက်မှာအနည်ထိုင်သွားတတ်လဲ?

“အချိန်တွေက ကုစားပေးသွားမှာပါ။အခု အသည်းကွဲနေပေမယ့်အချိန်ကြာတဲ့အခါ အဆင်ပြေသွားမှာပါ”စသဖြင့်ပြောလေ့ရှိကြပါတယ်။ဒါပေမဲ့ဘယ်အချိန်လောက်မှာ ဒီအသည်းကွဲတဲ့ဒဏ်ရာကသက်သာသွားလဲ၊ဘယ်အချိန်မှာ အနည်ထိုင်သွားတတ်လဲဆိုတာကိုတော့တိတိကျကျ ရေရေရာရာမသိကြပါဘူး။

အချစ်ရေးတစ်ခုမှာ ပြတ်စဲရတဲ့အကြောင်းတွေကတော့ အမျိုးမျိုးရှိကြတာပါပဲ။ပြတ်စဲတဲ့အကြောင်းရင်းခြင်းမတူညီတဲ့အတွက် အသည်းကွဲဒဏ်ရာသက်သာတဲ့အချိန်အတိုင်းအတာကလည်း ကွာဟသွားပါတယ်။ဒါပေမဲ့ ယေဘူယျအားဖြင့် အသည်းကွဲတဲ့ဒဏ်ရာဟာ အချိန်ကာလအားဖြင့် ၃လ (၁၁ပတ်)နီးပါးကြာတဲ့ အခါသက်သာသွားတယ်လို့လေ့လာတွေ့ရှိခဲ့ရကြောင်းသိရပါတယ်။

Positive Psychology ဂျာနယ်က လေ့လာဖော်ပြထားချက်အရ လူငယ်အယောက် ၁၅၅ ထဲက ၇၁ ရာခိုင်နှုန်းဟာ အသည်းကွဲပြီးတဲ့နောက် ၃လအကြာမှာ အသည်းကွဲဒဏ်ရာသက်သာသွားကြတယ်လို့သိရပါတယ်။၃လဆိုတဲ့အချိန်က တစ်ချို့အတွက်တော့ မေ့ပစ်ဖို့ခက်ခဲဆဲဆိုပေမဲ့ တစ်ချို့အတွက်ကျတော့လည်း အသည်းကွဲတာပျောက်ဖို့လုံလောက်တဲ့အချိန်ပမာဏဖြစ်နေပါတယ်။ဒါကတော့ ချစ်သူစုံတွဲတွေဘယ်လိုဘာအကြောင်းကြောင့်လမ်းခွဲခဲ့ရလဲဆိုတဲ့အပေါ်မှာလည်းမူတည်ပါတယ်။

ယေဘူယျအားဖြင့်ကြည့်မယ်ဆိုရင်တော့ အသည်းကွဲနေပေမဲ့ ၃လကြာတဲ့အခါ အသည်းကွဲခါစအချိန်လို ခံစားချက်မဆိုးတော့ပဲ နေရထိုင်ရတာပိုပြီးအဆင်ပြေလာနိုင်ပါတယ်။၃လဆိုတဲ့အချိန်ဟာ နည်းလည်းမနည်း၊များလည်းမများပါဘူး။ဒါပေမဲ့ ဒီအချိန်အတွင်းမှာ တစ်ချို့က လမ်းခွဲလိုက်ရတာနဲ့ပတ်သက်လို့ အဆိုးမြင်နေရာကနေ အကောင်းမြင်စိတ်ဖြစ်လာပါတယ်။သူ့ဘက်ကိုယ့်ဘက်အဆင်မပြေတဲ့အရာတွေကိုပြန်စဉ်းစားမိပြီး မျှတွေးပေးတတ်လာပါတယ်။ခွင့်လွှတ်ပေးနိုင်လာတယ်။ဒါကြောင့်ပဲ အသည်းကွဲဒဏ်ရာကသက်သာသွားတာပါ။

တစ်ချို့သူတွေအတွက်ကတော့ ဒီ ၃ လဆိုတဲ့အချိန်က ခဏလေးဖြစ်ပြီး ဒဏ်ရာကုစားဖို့မလုံလောက်ဘူးဆိုပေမဲ့ အရင်ကလောက်တော့ နေရထိုင်ရတာပင်ပန်းတော့မယ်မထင်ပါဘူးနော်။

Source:your tango

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.