အယ်လ်ဘမ်သစ်ထွက်ရှိမယ့်ရက်ကို ကြေညာလိုက်ပြီဖြစ်တဲ့ “EXO”

နာမည်ကျော်တောင်ကိုရီးယားကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ EXO ဟာ မကြာခင်အချိန်အတွင်း ပရိသတ်တွေရှေ့ကို သီချင်းခွေသစ်နဲ့ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

EXO အဖွဲ့ဟာ “Obsession”လို့နာမည်ပေးထားတဲ့ အယ်လ်ဘမ်သစ်ကို နိုဝင်ဘာ ၂၇ ရက်နေ့မှာစတင်ဖြန့်ချီသွားမှာဖြစ်တယ်လို့ အတည်ပြုကြေညာခဲ့ပါပြီ။ဒီအယ်လ်ဘမ်သစ်မှာ အမျိုးအစားမတူညီတဲ့ သီချင်း ၁၀ ပုဒ်ပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။

နိုဝင်ဘာ ၁ရက်နေ့ ဒီကနေ့မှာပဲ EXO ဟာ သူတို့ရဲ့ Logo အသစ်ကို ပရိသတ်တွေနဲ့ ပြန်လည်မိတ်ဆက်ပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာပဲ အယ်လ်ဘမ်သစ်ထွက်ရှိမယ့်ရက်ကို တစ်ဆက်တည်းကြေညာခဲ့တာပါ။

ပရိသတ်တွေနဲ့ ၁၁ လနီးပါးကြာ အလှမ်းဝေးခဲ့ပြီးနောက် ဒီအယ်လ်ဘမ်သစ်ဟာ EXO ရဲ့ ပထမဆုံး Comeback အခွေလည်းဖြစ်ပါတယ်။EXO-L တွေအတွက် ၀မ်းသာစရာသတင်းတစ်ခုလည်းရှိပါတယ်။အဲ့ဒါကတော့ ဒီသီချင်းခွေသစ်ကို နိုဝင်ဘာ ၁ရက်နေ့ကစလို့ Pre-order တင်လို့ရပြီလို့သိရပါတယ်။

ဘယ်လိုသီချင်းကောင်းတွေပါဝင်လာမလဲဆိုတာ ရင်ခုန်နေကြပြီမဟုတ်လား…

158 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.