မကြာခင်ကြည့်ရှုခံစားရတော့မယ့် “Kingdom” Season 2

ပရိသတ်တွေကြားထဲမှာ အတော်လေးနာမည်ကြီးခဲ့တဲ့ Zombie ဇာတ်လမ်းတွဲ “Kingdom”ဟာ မကြာခင်ရှေ့မှောက်အတွင်းပရိသတ်တွေရှေ့ကိုပြန်လည်ရောက်ရှိလာပါတော့မယ်။

Netflix ရဲ့တရားဝင်အင်စတာဂရမ်အကောင့်ကနေ ၂၀၂၀ မတ်လမှာ “Kingdom” Season 2 ထွက်ရှိလာမှာဖြစ်တဲ့အကြောင်း အတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။အင်စတာဂရမ်မှာပြောထားပုံအရ “Kingdom” မှာပါဝင်သရုပ်ဆောင်မယ့်အနုပညာရှင်တွေဟာ နောက်ထပ် Season 2 ရိုက်ကူးဖို့အတွက်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းသိရပါတယ်။

“Kingdom” Season 2 ကို ၂၀၂၀ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာစတင်ရိုက်ကူးမှာဖြစ်ပြီး မတ်လထဲမှာပရိသတ်တွေကြည့်ရှုအားပေးရတော့မှာပါ။ဒီဇာတ်လမ်းတွဲမှာဆိုရင်နာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Ju Ji Hoon ၊ Bae Doona ၊ Kim Sang Ho ၊ Ryu Seung Ryong တို့က ပါဝင်ထားပါတယ်။

မကြာခင်ထွက်ရှိလာတော့မယ် ‘Kingdom” Season 2 ကိုစောင့်မျှော်ကြည့်ရှုဖို့ မမေ့နဲ့ဦးနော်

310 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.