ပရိသတ်တွေအတွက်ဝမ်းသာစရာသတင်းကောင်းလေးသယ်ဆောင်ခဲ့ပြန်တဲ့ “BLACKPINK”

တောင်ကိုရီးယားရဲ့နာမည်ကျော်ကေပေါ့ပ်အဖွဲ့တွေထဲမှာ “BLACKPINK”ဟာလည်း တစ်ဖွဲ့အပါအ၀င်ပါ။သူတို့ရဲ့ သီချင်းသစ်ထွက်တိုင်းအောင်မြင်မှုတွေတခဲနက်ရရှိခဲ့သလို ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပိုတိုးလို့ရရှိလာတဲ့မိန်းကလေးအဖွဲ့လည်းဖြစ်ပါတယ်။

အခုလည်း “BLACKPINK”အဖွဲ့ဟာ သူတို့ကိုအားပေးနေတဲ့ပရိသတ်တွေအတွက် ၀မ်းသာစရာသတင်းကောင်းလေးတစ်ခုကိုယူဆောင်လာခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုရင် “BLACKPINK” အဖွဲ့ရဲ့ ”As If It’s Your Last”MV ဟာ ကြည့်ရှုသူပရိသတ် သန်း ၇၀၀ ကျော်သွားခဲ့ပြီဆိုတာပါပဲ။ဒီသီချင်းဟာ ကြည့်ရှုသူ သန်း ၇၀၀ကျော်တဲ့ “BLACKPINK”ရဲ့ သုံးခုမြောက် MV လည်း
ဖြစ်ပါတယ်။ဒါ့အပြင် “As If It’s Your Last” ဗီဒီယိုဟာ ၂၀၁၇ တုန်းက World’s Most Loved K-Pop Video အဖြစ်ရွေးချယ်ခံခဲ့ရဖူးပါတယ်။

BLACKPINK ရဲ့ ”DDU-DU DDU-DU”သီချင်းကတော့ ကြည့်ရှုသူ သန်း ၉၀၀ကျော်ရှိနေတာဖြစ်ပြီး “BOOMBAYAH”သီချင်း MV ကတော့ကြည့်ရှုသူပရိသတ် သန်း ၇၀၀ ကျော်နေပြီဖြစ်ပါတယ်။ဒါကြောင့်ပဲ “BLACKPINK” ဟာ သန်း ၇၀၀ကျော်ပရိသတ်ကြည့်ရှုသူရှိနေတဲ့ MV ၃ ခုကိုပိုင်ဆိုင်ထားတဲ့ ပထမဆုံးကေပေါ့ပ်အဖွဲ့အဖြစ်စံချိန်ချိုးနိုင်ခဲ့တယ်လို့သိရပါတယ်။

Congrats to BLACKPINK …

196 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.