ပရိသတ်တွေ မျှော်လင့်ထားသလို “Love Alarm”Season 2 ထွက်ရှိလာမယ်လို့အတည်ပြုကြေညာခဲ့

“Love Alarm” Season 2 ထွက်လာဖို့ မျှော်နေကြတဲ့ပရိသတ်တွေရှိလား?ယူတို့မျှော်နေတဲ့အတိုင်း တကယ်ကြီးဖြစ်လာပါပြီနော်။

နာမည်ကျော် Webtoon တစ်ခုကို အခြေခံပြီးရိုက်ကူးထားတဲ့ “Love Alarm” Season 1 ဟာ ပရိသတ်တွေစိတ်နဲ့တစ်ထပ်တည်းကျတဲ့အချစ်ဒရာမာဇာတ်လမ်းတွဲကောင်းလေးတစ်ခုဖြစ်ခဲ့ပါတယ်။

“Love Alarm” ဟာ ကိုယ့်ရဲ့ ၁၀ မီတာပတ်လည်မှာ ကိုယ့်ကိုသဘောကျတဲ့သူရှိရင် အလန်းမ်ထမြည်တဲ့App တစ်ခုနဲ့ အချစ်ကိုရှာဖွေကြတဲ့ဇာတ်လမ်းလေးပါ။ဒီဇာတ်လမ်းတွဲလေးမှာဆိုရင် နာမည်ကျော်အနုပညာရှင်တွေဖြစ်ကြတဲ့ Kim So Hyun Hwang Sun Oh ၊ Lee Hye Yeong တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာပဲ Netflix ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကနေ Season 2 ထွက်ရှိလာမှာဖြစ်ကြောင်းအတည်ပြုကြေညာခဲ့တာပဲဖြစ်ပါတယ်။ကဲ Season 2 လေးကြည့်ရဖို့ရင်ခုန်နေကြပြီမှတ်လား?

315 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.