အောင်မြင်ကျော်ကြားမယ့်သူတွေမှာ ရှိတတ်တဲ့အမူအကျင့်တွေ…

အောင်မြင်ကျော်ကြားနေတဲ့သူတစ်ချို့ကို လေ့လာကြည့်လိုက်ရင် ဒီလိုမျိုးမှတ်သားလိုက်နာစရာအကျင့်စရိုက်တွေကို သင်မြင်တွေ့ရပါလိမ့်မယ်။အောင်မြင်သူတွေမှာဘယ်လိုအကျင့်စရိုက်မျိုးရှိနေတတ်လဲ ဖတ်ကြည့်လိုက်ရအောင်

လက်လျှော့လိုက်လေ့မရှိဘူး
အောင်မြင်နေတဲ့သူတွေရဲ့ အကောင်းဆုံးအကျင့်ဟာ ဘယ်အရာကိုမှလက်မလျှော့၊ဇွဲမလျှော့ကြတာပါ။ ကိစ္စတစ်ခုမအောင်မြင်မချင်းလုပ်ကြတဲ့အတွက်နောက်ဆုံးမှာအောင်မြင်မှုရရှိသွားကြတာဖြစ်ပါတယ်။

ပန်းတိုင်ကိုသေချာသိတယ်
အောင်မြင်တဲ့သူတွေဟာ ကိုယ်လုပ်နေတဲ့အလုပ်၊ကိုယ့်ရဲ့ပန်းတိုင်ကိုသေချာသိကြပါတယ်။ အဲ့ဒီပန်းတိုင်ကိုရောက်ဖို့အတွက်အခက်အခဲတွေကြုံရပေမဲ့နောက်မဆုတ်တဲ့ အတွက်နောက်ဆုံးမှာအောင်မြင်မှုရရှိသွားကြတာပါပဲ။

အကောင်းမြင်စိတ်ရှိတယ်
အောင်မြင်တဲ့သူတွေဟာပြဿနာကိုအေးအေးဆေးဆေးအဖြေရှာကြပါတယ်။ပြဿနာတစ်ခုဖြစ်တဲ့အခါ သွေးပူနေလေ့မရှိပဲ ခေါင်းအေးအေးနဲ့စဉ်းစားပြီး ပြင်ဆင်ရမယ့်နည်းလမ်းကိုရှာဖွေလေ့ရှိတယ်။ဟိုလူ့ကိုအပြစ်တင်၊ဒီလူ့ကိုဝေဖန်တာမျိုးမလုပ်ကြဘူး။

အလုပ်ကိုသေချာရွေးချယ်တယ်
ဝါသနာမပါပဲလုပ်နေတဲ့အလုပ်ကိုလုပ်တဲ့သူတွေက မတိုးတက်နိုင်ပါဘူး။အောင်မြင်တဲ့သူတွေကတော့ သူတို့ချစ်တဲ့အလုပ်၊ ၀ါသနာပါတဲ့အလုပ်ကိုလုပ်ရတဲ့အတွက်ကျေနပ်ပျော်ရွှင်ကြပါတယ်။ အလုပ်မှာပျော်ရွှင်မှုနည်းလမ်းသစ်တွေစဉ်းစားနိုင်ပြီး တိုးတက်မယ့်လမ်းကြောင်းကိုအမြန်ဆုံးရှာဖွေနိုင်ကြပါတယ်။

အချိန်ဖြုန်းလေ့မရှိဘူး
အောင်မြင်တဲ့သူတွေဟာ ဘယ်တော့မှသူတို့ရဲ့အချိန်ကို အလကားအကုန်မခံကြပါဘူး။အကျိုးရှိမယ့်အလုပ်ကိုပဲလုပ်ကြပါတယ်။ကိုယ့်အတွက် အရေးမပါတဲ့လူတွေ၊အလုပ်တွေအပေါ်မှာ
သူတို့က အာရုံစိုက်လေ့မရှိပါဘူး။

အမြဲတမ်းလေ့လာနေတယ်
စီးပွားရေးလုပ်ငန်းမှာအောင်မြင်နေတဲ့သူဖြစ်စေ၊ပညာရေးနယ်ပယ်မှာအောင်မြင်တဲ့သူဖြစ်စေ၊ သူတို့ကိုလေ့လာကြည့်ရင်တစ်ခုမဟုတ်တစ်ခု လေ့လာသင်ယူနေတာကိုမြင်တွေ့ရပါလိမ့်မယ်။သူတို့ရဲ့ခေါင်းထဲမှာ အောင်မြင်ဖို့ဘယ်လိုကြိုးစားရမလဲဆိုတာပဲတွေးနေတတ်ပါတယ်။

သင်လည်း အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်ရင် ဒီအလေ့အကျင့်တွေကို ဖြည်းဖြည်းချင်းမွေးမြူသင့်ပါတယ်။

283 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.