ပရိသတ်တွေအသိနည်းသေးတဲ့ မင်းသမီးချောလေး Kim So Hyun အကြောင်း

အခုလတ်တလောမှာဆိုရင် “The Tale of Nokdu”ဆိုတဲ့ဇာတ်လမ်းတွဲလေးက ရေပန်းစားလျက်ရှိပါတယ်။အဲ့ဒီဇာတ်လမ်းတွဲထဲက မင်းသမီးချောလေး Kim So Hyun ဟာဆိုရင်လည်း ကလေးသရုပ်ဆောင်ဘ၀ကတည်းက ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့ ပရိသတ်တစ်ချို့ကတော့ သူမရဲ့ ဒီလိုအချက်လေးတွေ မသိကြသေးပါဘူး။

၁၉၉၉ ခုနှစ်၊ဇွန်လ ၄ရက်နေ့ဖွား Kim So Hyun လေးကိုချစ်တဲ့ပရိသတ်ကြီးအတွက် သူမရဲ့အကြောင်းလေးတွေ အနည်းငယ်မျှဝေပြောပြပေးလိုက်ပါတယ်။

*Kim So Hyun ဟာ သူမအသက် ၇နှစ်အရွယ်ကစလို့ အနုပညာလောကထဲကိုဝင်ရောက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ကလေးသရုပ်ဆောင်အဖြစ်ဇာတ်လမ်းတွဲတွေမှာပါဝင်ရင်း ၂၀၁၅ ခုနှစ်မှာတော့ Who Are You ဇာတ်လမ်းတွဲကို ခေါင်းဆောင်မင်းသမီးအဖြစ်စတင်ရိုက်ကူးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Hey Ghost,Let’s Fight ၊Radio Romance ၊ The Emperor: Owner of the Mask ၊ Love Alarm ၊ The Tale of Nokdu စတဲ့ဇာတ်လမ်းတွဲတွေဆက်လက်ရိုက်ကူးလာခဲ့ပါတယ်။

*ပရိသတ်အသိနည်းသေးတဲ့တစ်ချက်ကတော့ သူမရဲ့အဖေဟာ သူမအသက် ၉နှစ်အရွယ်တည်းကဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။အခုလက်ရှိမှာတော့သူမရယ်၊သူမရဲ့အမေရယ်၊သူမရဲ့မောင်လေးရယ် အတူနေထိုင်လျက်ရှိတယ်လို့သိရပါတယ်။

*သူမရဲ့ကြိုးစားမှုတွေကတော့ အမြဲတမ်းအရာထင်ခဲ့ပါတယ်။သူမဟာ ကလေးသရုပ်ဆောင်ဘ၀ကစလို့ အခုချိန်ထိ ဆုပေါင်း ၁၈ ခုကိုပိုင်ဆိုင်ထားတဲ့မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။

*သူမရဲ့ First Kiss ကတော့ “I Miss You”ဇာတ်လမ်းတွဲအတူရိုက်ကူးရတဲ့မင်းသား Yeo Jin Goo နဲ့ဖြစ်ပြီး ဒါက သူတို့နှစ်ယောက်လုံးရဲ့ပထမဆုံးအနမ်းဇာတ်ဝင်ခန်းဖြစ်တယ်လို့လည်းသိရပါတယ်။

*Kim So Hyun ဟာ သြစတေးလျမှာမွေးဖွားခဲ့သူဖြစ်ပေမဲ့ ကိုရီးယားနိုင်ငံသားအဖြစ်ခံယူထားတယ်လို့သိရပါတယ်။

*မင်းသမီး Kim So Hyun ဟာ ကိုရီးယားရဲ့  “Little Sister”လေးအဖြစ်လည်း သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

*သူမဟာ ရိုက်ကွင်းမရှိတဲ့ရက်တွေ၊အပြင်ထွက်ရပြီဆို များသောအားဖြင့် ဂျင်းန်၊ခေါင်းစွပ်အနွေးထည်၊အနွေးထည်လက်ရှည်တွေကိုသာဝတ်ဆင်လေ့ရှိသူဖြစ်ပါတယ်။

*သီချင်းနားထောင်တဲ့အခါမှာလည်း နာမည်ကျော်ကေပေါ့ပ်သီချင်းတွေမဟုတ်ပဲ အလွမ်းအဆွေးတွေ၊ရိုမန်တစ်ဆန်တဲ့ဖြစ်ရပ်တွေကို ပုံဖော်ထားတဲ့ခေတ်ဟောင်းသီချင်းတွေကိုပိုပြီးသဘောကျနှစ်သက်သူတစ်ယောက်ပါ။

* သူမဟာ သရုပ်ဆောင်မိန်းကလေး အယောက် ၅၀၀ နဲ့ယှဉ်ပြိုင်ခဲ့ပြီးမှ “Man Of Vendetta” Thriller/Drama ဇာတ်ကားမှာသရုပ်ဆောင်ခွင့်ရခဲ့သူဖြစ်ပါတယ်။”Page turner”ဆိုတဲ့ဇာတ်လမ်းတွဲမှာသရုပ်ဆောင်ဖို့အတွက် စန္ဒယားတီးပညာကိုလည်းလေ့လာသင်ယူခဲ့သူဖြစ်ပါတယ်။

*အားလပ်ချိန်တွေမှာဆိုရင် သူမဟာ Webtoon တွေဖတ်ရတာ နှစ်ခြိုက်ပါတယ်။

*သူမရဲ့ သွေးအမျိုးအစားက O ဖြစ်ပြီး Gemini ရာသီဖွားဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ ပရိသတ်တွေသိတဲ့အတိုင်း “The Tale of Nokdu”ရိုက်ကူးနေဆဲပါ။ဒီဇာတ်လမ်းတွဲလေးဟာ ပရိသတ်တွေရဲ့စိတ်ဝင်တစားစောင့်ကြည့်အားပေးမှုကိုရရှိနေတာဖြစ်ပါတယ်။

Source:Youtube videos

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.