၁၄နှစ်ကြာမှ ရိုက်ကူးဖြစ်တဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်လို့ပြောပြလာတဲ့ Lee Young Ae

ချန်ဂင်လို့ပရိသတ်အသိများခဲ့တဲ့ မင်းသမီးချောလေး Lee Young Ae ကို မကြာခင်ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုမှာ ပြန်လည်မြင်တွေ့ရပါတော့မယ်။ဒါဟာ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကရိုက်ကူးခဲ့တဲ့ “Sympathy for Lady Vengeance” အပြီး ၁၄ နှစ်ကြာမှ ပြန်လည်ရိုက်ကူးဖြစ်တဲ့ ပထမဆုံး
ဇာတ်ကားလည်းဖြစ်ပါတယ်။

သူမ အခုလက်ရှိရိုက်ကူးနေတဲ့ဇာတ်ကားကတော့ “Bring Me Home”ဆိုတဲ့ Crime/thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ဒီဇာတ်ကားဟာ လွန်ခဲ့တဲ့ ၆ နှစ်ကျော်က ပျောက်ဆုံးသွားခဲ့တဲ့သားဖြစ်သူနဲ့ ခွဲမရအောင်တူတဲ့ကောင်လေးတစ်ယောက်ကိုမြင်ပြီး ဆက်သွယ်ဖို့ကြိုးစားတဲ့
Jung Yeon ဆိုတဲ့အမျိုးသမီးအကြောင်းရိုက်ကူးထားတာပါ။ကလေးဆုံးရှုံးလိုက်ရတဲ့မိခင်တစ်ယောက်၊၆နှစ်လုံးလုံးသားဖြစ်သူကို လိုက်ရှာပြီးပြန်တွေ့မယ်ဆိုတဲ့မျှော်လင့်ချက်ကိုလည်းအမြဲဆုပ်ကိုင်ထားတဲ့အမျိုးသမီးတစ်ယောက်အဖြစ် Lee Young Ae ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားရိုက်ကူးရေးနဲ့ပတ်သက်ပြီး Lee Young Ae က “ကလေးဆုံးရှုံးလိုက်ရတဲ့မိခင်တစ်ယောက်ရဲ့ခံစားချက်ကို သရုပ်ဆောင်ရတာ အစကနေ အဆုံးသတ်တဲ့အထိ မလွယ်ကူခဲ့ပါဘူး။မြင်တွေ့နေကျပုံစံမျိုးနဲ့မတူတဲ့ အသစ်အဆန်းပုံစံမျိုးကို ပရိသတ်တွေအတွက် ကျွန်မချပြနိုင်လိမ့်မယ်ထင်ပါတယ်”လို့ပြောခဲ့ပါတယ်။

ဒါရိုက်တာ Kim Seung Woo ကလည်း “ကျွန်တော် မင်းသမီး Lee Young Ae နဲ့အလုပ်အတူတွဲလုပ်ဖြစ်တဲ့အချိန်တိုင်းသူမကိုလေးစားရပါတယ်။ရုပ်ရှင်ရိုက်ကူးမှုတွေနဲ့ဝေးကွာနေပေမဲ့လည်း သူမရဲ့သရုပ်ဆောင်မှုတွေဟာ မလျော့ကျသေးပါဘူး။တကယ့်ကိုတော်တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်”လို့ချီးကျူးခဲ့ပါတယ်။

“Bring Me Home”ဇာတ်ကားကြီးကို နိုဝင်ဘာ ၂၇ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။စောင့်မျှော်အားပေးဖို့လည်းမမေ့နဲ့ဦးနော်

146 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.