ရှူးရှူးရှဲရှဲ ပုဇွန်သံပုရာပေါင်းလေး လုပ်စားနည်း

ဒီတစ်ခါ ပိတ်ရက်က သုံးရက်တောင်ရမှာဆိုတော့ ပိတ်ရက်ဆိုတာနဲ့ စဉ်းစားမိတာ စားဖို့ပါပဲ။
တစ်ခါလာလည်း အဆီနှစ်ဟင်းတွေက ရိုးအီတယ်လေ။ ဆိုတော့ တစ်ခါတစ်လေ ချဉ်၊ ငန် ၊ စပ်
အရသာစူးစူးလေးနဲ့ ထမင်းစားတာဟာ ပိုမြိန်သလားလို့ ။

Image result for thai prawn soup

ဒီတစ်ခါမှာတော့ ပုဇွန်သံပုရာပေါင်းလေးကို လုပ်စားရအောင်လား ။ ပုဇွန်အစိမ်းသုပ်ကတော့
လူတိုင်းသိသလို တစ်ချို့ က အစိမ်းကြီးမို့ မစားရဲကြဘူး။ ဒီသံပုရာပေါင်းကြတော့
မစိမ်းသလို ပုဇွန်ကိုအကျက်လည်း မြန်စေတယ်။ ညှီနံလည်း မထွက်ဘူး။

ဒါဆို ဘယ်လိုလုပ်စားကြမလဲ ။
ပုဇွန်ဝယ်တော့မယ်ဆိုရင် သန့်ရှင်းလတ်ဆတ်တဲ့ ပုဇွန်ကျားလေးတွေ သေချာစိတ်ရှည်ရှည်နဲ့
ရှာဝယ်ပါနော်။
အစာတွေအတွက်
– ကြက်သွန်နီ ၊ ဖြူ
– ငရုတ်သီးစိမ်း
– ဂျင်း
– နံနပင်
ဒါတွေကို ရောပြီးထောင်းပါမယ်။

ပုဇွန်ကို ရေသေချာဆေးပြီး မလိုအပ်တဲ့အမည်းကြောင်းတွေ ထုတ်ပြီးပြီဆိုရင်
ရေပွက်ပွက်ဆူနေတဲ့ အိုးထဲ ခုနက ထောင်းထားတဲ့အစာတွေ ထည့်လိုက်ပါ။ ပြီးရင် ပုဇွန်ငံပြာရည် ၊ သံပုရည်တို့ကို လိုသလောက် အသင့်တင့်ထည့်ပေးဖို့ လိုပါတယ်။

Image result for thai prawn lime spicy

နောက်ဆုံးအဆင့် ပုဇွန်ကိုထည့်လိုက်ပါ။ မိနစ်အနည်းငယ်စောင့်ပြီးလို့ အရသာလိုသေးရင်
ဆားထည့်ပြိး မြည်းကြည့်နော်။ နံနံပင်ကြိုက်သူတွေက ချခါနီး နံနံလေးအုပ်လိုက်ရုံပါပဲရှင်…
အရသာရှိတဲ့ ပုဇွန်သံပုရာပေါင်းလေးနဲ့ ပိတ်ရက်လေးကို ဖြတ်သန်းလိုက်ရအောင်နော်

236 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.