စိတ်ဖိစီးမှုတွေဝေးဝေးပြေးစေမယ့် ရနံ့ကုထုံး…

ရနံ့တွေဟာ သင့်ရဲ့စိတ်ဖိစီးမှုတွေ၊စိတ်ညစ်ညူးမှုတွေကို အချိန်တိုအတွင်းပြေပျောက်သွားစေနိုင်တယ်ဆိုတာ သင်သိပါသလား?စိတ်ဖိစီးမှုတွေဟာ တစ်ကွေ့မဟုတ်တစ်ကွေ့ကြုံရပါတယ်။ဒါကြောင့် ဒီစိတ်ပင်ပန်းမှုကိုဖြေဖျောက်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကိုလည်းသိထားဖို့လိုအပ်ပါတယ်။ရနံ့တွေဟာ သင့်စိတ်ကို ဘယ်လိုအပန်းပြေစေလဲ?

*သံပုယိုရနံ့


သံပုယိုရနံ့ဟာ စိတ်တိုနေတဲ့အချိန်၊စိတ်ဖိစီးမှုတအားများနေတဲ့အချိန်စိတ်ကိုတည်ငြိမ်လန်းဆန်းသွားစေပါတယ်။ခန္ဓာကိုယ်ထဲက အကြောအချင်တွေကိုလည်းပြေလျော့သွားစေပြီး စိတ်ကြည်လင်သွားစေပါတယ်။

*လာဗင်ဒါနံ့


လာဗင်ဒါပန်းရနံ့ဟာ စိတ်ဖိစီးမှုတွေတိုးများမလာအောင် ထိန်းချုပ်ပေးထားနိုင်ပါတယ်။ခေါင်းကိုက်ဝေဒနာခံစားရတဲ့အခါမျိုး၊ဘာကိုမှလုပ်ချင်ကိုင်ချင်စိတ်မရှိအောင်စိတ်ဓာတ်ကျနေတဲ့အခါမျိုးမှာ လာဗင်ဒါပန်းရနံ့ကိုရှုရှိုက်ပေးတာက သက်သာစေပါလိမ့်မယ်။

*စံပယ်ပန်းရနံ့


လာဗင်ဒါပန်းလိုပဲ စံပယ်ပန်းရနံ့ကိုလည်း စိတ်တည်ငြိမ်အေးချမ်းစေဖို့ သုံးပေးနိုင်ပါတယ်။ဒါ့အပြင် စံပယ်ပန်းရနံ့ဟာ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုပိုရှိလာစေတယ်။ခွန်အားတွေပြည့်လာစေတယ်။တက်ကြွလန်းဆန်းလာစေပါတယ်။

*သစ်ကြံ့ပိုးခေါက်ရနံ့


သစ်ကြံ့ပိုးခေါက်ရနံ့ဟာ အာရုံစူးစိုက်မှုအားပိုကောင်းလာစေပြီး စိတ်ပင်ပန်းမှုတွေကို တိုက်ထုတ်ပေးနိုင်စွမ်းရှိပါတယ်။သင့်စိတ်ကလေးပင်ပန်းနေတဲ့အခါသစ်ကြံ့ပိုးခေါက်ကို ရှုရှိုက်ပေးနိုင်ပါတယ်။

*ငရုတ်ကောင်းရနံ့


ငရုတ်ကောင်းရနံ့ဟာလည်း ဦးနှောက်ကိုချက်ချင်းတက်ကြွလန်းဆန်းသွားစေပါတယ်။အာရုံစိုက်မှုတွေ၊အတွေးအခေါ်တွေလည်းပိုပြီးကောင်းမွန်လာစေပါတယ်။ဦးနှောက်လေးလံထိုင်းမှိုင်းနေတဲ့အခါ ငရုတ်ကောင်းရနံ့ကိုရှုရှိုက်ပေးနိုင်ပါတယ်။

66 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.