အသည်းပုံမျက်နှာပိုင်ဆိုင်ထားသူတွေရဲ့ အကျင့်စရိုက်အမူအကျင့်တွေဆိုတာ…

ကျယ်ပြန့်တဲ့နဖူးနဲ့သွယ်ဆင်းသွားတဲ့မေးစေ့ပုံစံ (အသည်းပုံမျက်နှာပိုင်ရှင်)ဆိုတာ မင်းသမီး Reese Witherspoon ဒါမှမဟုတ် Scarlett Johansson လိုမျက်နှာမျိုးပါ။သင်ကရော
အသည်းပုံမျက်နှာပိုင်ရှင်လား?တကယ်လို့ သင်က အသည်းပုံမျက်နှာပိုင်ရှင်ဆိုရင် ဒီအချက်လေးတွေမှန်မမှန် ဖတ်ကြည့်လိုက်ပါဦး

အသည်းပုံမျက်နှာပိုင်ဆိုင်ထားသူတွေဟာ တီထွင်ဖန်တီးဥာဏ်ကောင်းတယ်။စိတ်ခွန်အားသန်မာတယ်။စိတ်ဓာတ်ပြင်းပြတဲ့အတွက်လည်း ခေါင်းအရမ်းမာသူတွေဖြစ်တယ်။အချစ်ကြီးတယ်။တစ်ခြားသူတွေကို စိတ်ပျော်ရွှင်အောင်လုပ်ရတာကိုလည်း သဘောကျသူဖြစ်တယ်။စိတ်ရှည်သည်းခံတတ်တယ်။

ဘယ်နေရာမှာပဲဖြစ်ဖြစ် တစ်ခြားသူတွေထက် ပိုပြီးအောင်မြင်ကျော်ကြားသူတွေဖြစ်တယ်။ဥာဏ်ရည်ထက်မြက်ပြီး အခွင့်အရေးရသလို အသစ်အသစ်တွေကို လေ့လာသင်ယူလေ့ရှိတယ်။ုငြင်းပယ်ခံရတာကို မလိုလားသူတွေဖြစ်ပြီး ဝေဖန်ခံရမှာကိုလည်း မုန်းကြသူတွေဖြစ်တယ်။အမြဲတမ်းတက်တက်ကြွကြွနဲ့လန်းဆန်းနေပြီးကိုယ့်ရဲ့အိုင်ဒီယာကောင်းတွေကိုလည်း ချပြဖို့ဝန်မလေးသူဖြစ်တယ်။

သြဇာလွှမ်းမိုးနိုင်စွမ်းရှိသူတွေဖြစ်ပြီး တစ်ခါတစ်ရံ စိတ်ကြီးဝင်တတ်သူတွေဖြစ်တယ်။တစ်ခါတစ်လေ မစဉ်းစားမဆင်ခြင်ပဲ တစ်ခြားသူအပေါ် ထိရှစေတဲ့ စကားလုံးတွေနဲ့ တုံ့ပြန့်လေ့ရှိတယ်။ကိစ္စတစ်ခုကို လုပ်ဖို့ဆုံးဖြတ်လိုက်တာနဲ့ ကိုယ့်ကိုယ့်ကိုယ်တွန်းအားပေးပြီး မရရအောင်
လုပ်လေ့ရှိတယ်။

ကဲ ဘယ်လိုလဲ မှန်ရဲ့လား??

106 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.