ချစ်သူရှိနေကြောင်းဖွင့်ပြောလိုက်ပြီဖြစ်တဲ့ မင်းသမီးချောလေး Seo Hyo Rim

နာမည်ကျော်တောင်ကိုရီးယားမင်းသမီးချောလေး Seo Hyo Rim ဟာ သူမမှာချစ်သူရှိနေပြီဖြစ်ကြောင်းဖွင့်ပြောလာခဲ့ပါပြီ။

အောက်တိုဘာ ၂၃ ရက်နေ့က မင်းသမီး Seo Hyo Rim နဲ့ ရင်းနှီးသူတွေက Seo Hyo Rim ဟာ မင်းသမီး Kim Soo Mi ရဲ့သားနဲ့ချစ်သူတွေဖြစ်နေကြောင်းပြောခဲ့ကြပါတယ်။ထိုသတင်းထွက်ရှိလာပြီးမကြာခင်မှာပဲ သူမရဲ့အေဂျင်စီ Magique က “Seo Hyo Rim က မင်းသမီးကြီး Kim Soo Mi ရဲ့သားနဲ့ ချစ်သူတွေဖြစ်နေတယ်ဆိုတာအမှန်ပါပဲ။သူတို့နှစ်ယောက်က အသိမိတ်ဆွေတွေအဖြစ် ခင်မင်လာခဲ့တာအတော်လေးကြာခဲ့ပါပြီ။ဒါပေမဲ့ မကြာသေးခင်ကမှ သူငယ်ချင်းသံယောဇဉ်ကနေ ချစ်သူတွေအဖြစ်အဆင့်တက်လှမ်းခဲ့ကြတာဖြစ်ပါတယ်”အတည်ပြုပြောကြားခဲ့ပါတယ်။

မင်းသမီးကြီး Kim Soo Mi ရဲ့သားဖြစ်သူဟာ Seo Hyo Rim ထက် အသက် ၉ နှစ်ကြီးတယ်လို့သိရပြီး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။

မင်းသမီး Seo Hyo Rim ဟာ ၂၀၀၇ ခုနှစ်တုန်းက “When Spring Comes”ဇာတ်လမ်းတွဲနဲ့ စတင်ပွဲဦးထွက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ “Sungkyunkwan Scandal” ၊ “That Winter, the Wind Blows” ၊ “Endless Love” ၊ “Dear Fair Lady Gong Shim”စတဲ့ဇာတ်လမ်းတွဲတွေနဲ့ပရိသတ်အားပေးမှုများစွာရရှိလာခဲ့သူဖြစ်ပါတယ်။မင်းသမီးကြီး Kim Soo Mi နဲ့ဆိုရင်လည်း “Man Who Sets the Table” ဇာတ်လမ်းတွဲမှာ သားအမိတွေအဖြစ်သရုပ်ဆောင်ခဲ့ဖူးပြီး “Do You Eat?” Variety Show မှာလည်း နှစ်ယောက်သားပါဝင်ခဲ့ဖူးပါတယ်။

Source:Soompi

4 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.