မိတ်ကပ်ဖျက်ဆေးအဖြစ်သုံးနိုင်တဲ့ သဘာဝနည်းလမ်းကောင်းတွေက ဘာတွေလဲ

မိတ်ကပ်ဖျက်ဆေးကုန်နေတယ်။မိတ်ကပ်တွေကလည်း အထူကြီး၊မျက်နှာသစ်ဆေးတစ်ခုတည်းနဲ့ပြောင်မှာမဟုတ်ဘူးဆိုပြီး စိတ်ပူပန်နေစရာမလိုတော့ပါဘူး။မိတ်ကပ်ဖျက်ဆေးမရှိတဲ့အခါ ဘာတွေကို မိတ်ကပ်ဖျက်ဆေးအဖြစ်သုံးနိုင်လဲ?

*နွားနို့


နွားနို့ကို မိတ်ကပ်ဖျက်ဆေးအဖြစ်သုံးနိုင်ပါတယ်။နွားနို့နည်းနည်းကို ဂွမ်းစလေးနဲ့နှစ်ပြီး မျက်နှာတစ်ဝိုက် ဖျက်ပေးနိုင်ပါတယ်။နွားနို့က သင့်ရဲ့မျက်နှာပေါ်က မိတ်ကပ်တွေကိုဖျက်ပေးနိုင်သလို အစိုဓာတ်ပြည့်ဝပြီး နူးညံ့ချောမွေ့စေပါတယ်။

*မုန့်ဖုတ်ဆိုဒါနဲ့ပျားရည်


မုန့်ဖုတ်ဆိုဒါနဲ့ပျားရည်အနည်းငယ်ကိုရောစပ်ပြီးတော့လည်း မိတ်ကပ်ဖျက်ဆေးအဖြစ်သုံးနိုင်ပါတယ်။သတိထားရမှာကတော့ မျက်နှာကိုကြမ်းကြမ်းတမ်းတမ်းမပွတ်မိစေဖို့ပါပဲ။

*အုန်းဆီ


အရိုးရှင်းဆုံးနဲ့အလွယ်ဆုံးမိတ်ကပ်ဖျက်ဆေးကတော့ အုန်းဆီပါပဲ။အုန်းဆီကို ဂွမ်းလေးနဲ့ဆွတ်ပြီးမျက်နှာကိုသန့်စင်ပေးပါ။ရေမချိုးခင် မျက်နှာသန့်စင်ပေးပြီး ၁၀မိနစ်လောက်ကြာမှ မျက်နှာသစ်ဆေးနဲ့ပြန်သစ်ပေးပါ။ဒါက သင့်ရဲ့ မျက်နှာကို အစိုဓာတ်ပြည့်ဝနေစေပါလိမ့်မယ်။

*သခွားသီးရည်


နောက်ထပ်ထူးခြားတဲ့နည်းလေးကတော့သခွားသီးရည်ကိုသုံးပေးတာပါပဲ။သခွားသီးအနည်းငယ်ကို မွှေစက်ထဲထည့်မွှေပြီး ရလာတဲ့အနှစ်တွေနဲ့ သံလွင်ဆီအနည်းငယ်ကိုရောစပ်ပါ။ပြီးရင် မိတ်ကပ်ဖျက်ဆေးအဖြစ်သုံးနိုင်ပါပြီ။

*ရေနွေးငွေ့


နောက်ဆုံးနည်းလမ်းကတော့ ရေနွေးငွေ့သုံးပေးတာပါပဲ။ရေနွေးငွေ့ခံပေးတာဟာ ချွေးပေါက်တွေပွင့်စေသလို မိတ်ကပ်တွေကိုလည်း
ဖယ်ရှားပြီးသားဖြစ်စေပါတယ်။ချွေးပေါက်ထဲက အညစ်အကြေးတွေကိုပါသန့်စင်ပေးလို့ ဒီနည်းလေးကလည်းရိုးရှင်းပြီးထိရောက်တဲ့
နည်းလမ်းတစ်ခုဖြစ်ပါတယ်။

6 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.