တစ်ချို့ သောသူတွေ ချစ်ရမှာကို ဘာလို့ကြောက်ကြတာလဲ

တကယ်တမ်းစိတ်နှစ်ပြီး လူတစ်ယောက်ကို ချစ်ဖို့ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။
ရစရာမရှိအောင် အသည်းကွဲဖူးတဲ့လူတစ်ယောက်ဟာ နောက်ထပ်ချစ်ဖို့ တွန့်ဆုတ်နေမိတာ
မဆန်းပါဘူး။ ပေးဆပ်သလောက်ပြန်မရတာ အချစ်ပါပဲ။ စိတ်သဘောထားတွေ မတိုက်ဆိုင်တော့တဲ့အခါ ကတောက်ကဆတွေဖြစ်လာကြတယ်။

11 Reasons Why Most of Us Are Afraid of Falling in Love

တစ်ယောက်ကို တစ်ယောက်သည်းမခံနိုင်တော့ပဲ စိတ်ကုန်ကြတဲ့အထိ ဖြစ်လာကြတာပါပဲ။
ဒါတွေဟာ တကယ်မချစ်လို့ပေါ့။ တကယ်ချစ်ရင် စိတ်ကုန် ၊ စိတ်ပျက်တယ်ဆိုတာ ဘယ်ရှိမှာလဲ။ ပေးဆပ်သလောက် ပြန်မရတဲ့အခါ ထပ်ချစ်ရမှာ သိပ်ကြောက်လာကြတယ်။ ကိုယ့်ဘာသာထင်လာတာက ငါပဲမှားယွင်းစွာ ချစ်မိနေတာလား ? ငါပဲ အကဲပိုနေလို့ အကုန်တလွဲတွေဖြစ်နေတာလားလို့ တွေးမိပါလိမ့်မယ်။

Image result for broke up

တကယ်တော့ မမှားပါဘူး။ သင့်အတွက်မှန်ကန်တဲ့လူတစ်ယောက်မဖြစ်သေးလို့ပါ။ တစ်ခါတစ်လေဆုံးရှုံးမှာကြောက်တဲ့စိတ်ကလည်း အချစ်ကိုအဝေးတွန်းပို့သလိုဖြစ်စေပါတယ်။ ကြောက်ရွံ စိုးရိမ်စိတ်နဲ့လုပ်မိတဲ့အရာတွေဟာ အမှားမှားယွင်းယွင်းဖြစ်တတ်ကြပါတယ်။

အချစ်လွန်လာရင်း ကိုယ့်ကိုကိုယ်ပျောက်ဆုံးသွားမှာကိုလည်း စိုးရိမ်လာကြပါတယ်။
အချစ်ရေးကိစ္စကိုပဲ အချိန်ပေးနေရင်း ငါဟာ ဘာလဲလို့ ပြန်မေးယူရတဲ့အထိ ကိုယ့်ကိုကိုယ်ပြန်ရှာနေရတာမျိုး ဖြစ်မှာကြောက်ကြပါတယ်။ သူ့အတွက် သူလိုချင်တဲ့ type ပုံစံဖမ်းနေရင်း
စစ်မှန်တဲ့ကိုယ့်ရဲ့ပုံစံဟာ ပျောက်ကွယ်သွားတော့တယ်။ တကယ်ပဲအဲ့ဒီလိုဖြစ်ချင်လို့လား

Related image

သင့်အပေါ် တကယ်ချစ်တဲ့လူဆိုတာ သင်ဟာဘယ်လိုပုံစံပဲဖြစ်နေပါစေ..နားလည် ခွင့်လွှတ်ပေးနိုင်မှာပါ။ သင့်ရဲ့ကောင်းကွက်တွေကို မဟုတ်ပဲ ဆိုးကွက်တွေ ၊ dark side တွေကို မြင်အောင်ကြည့်ပြီး သည်းခံနိုင်တဲ့လူမျိုးပေါ့။ ဒီလိုမဟုတ်ပဲ အပေါ်ယံရုပ်ရည်သွင်ပြင်ပေါ် သာယာပြီးချစ်မယ်ဆိုရင်တော့ သေချာတာတစ်ခုက သင်အမြဲအသည်းကွဲရပါလိမ့်မယ်။

ဘယ်တော့မှ အလွယ်လေးဆုံးဖြတ်ပြီး ပေါ့ပျက်ပျက်မလုပ်ပါနဲ့။ နှလုံးသားကိုဦးစားပေးသင့်သလို ဦးနှောက်ကလည်း စဉ်းစားဖို့ လိုအပ်ပါတယ်။

750 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.