စနေနေ့ညက Game of Thrones TV series ရဲ့သရုပ်ဆောင် ငွေကြယ်ပွင့် Natalie Dormer ဟာ သူမရဲ့စတိုင်သစ် ခေါင်းတစ်ခြမ်းရိတ်ထားတဲ့ ဆံပင်ပုံစံနဲ့ Screen Actors Guild ဆုပေးပွဲကိုတက်ရောက်ခဲ့ပါတယ်။
သူမရဲ့စတိုင်လ်အသစ်ဟာ နောက်ရိုက်မယ့် The Hunger Games: Mockingjay Part 1 ထဲက သူမရဲ့ဇာတ်ကောင် Cressida အတွက်ဖြစ်တယ်လို့ Natalie ကဆိုပါတယ်။ ပြီးတော့သူမဟာါ အဲဒီ့စတိုင်နဲ့တစ်သားထဲကျအောင် လအတန်ကြာလေ့ကျင့်နေလာခဲ့တာဖြစ်ပြီး လူမမြင်အောင်ဖုံးကွယ်ထားခဲ့တာ လို့ဆိုပါတယ်။
“ဒါကိုဖုံးကွယ်ထားတာ ၃ လရှိပါပြီ။ အောက်တိုဘာလမှာ စခဲ့တာပါ။ ရှင်သိပါတယ်။ ကျွန်မအချိန်ကောင်းကိုစောင့်နေခဲ့တာလေ” လို့ Entertainment Weekly ကိုပြောပါတယ်။
ရိုးရှင်းတဲ့အဖြူရောင် Marios Schwab ဂါဝန်နဲ့ အနက်ရောင်အလှဆင်ထားတဲ့(ကြိမ်ထိုင်ခုံလိုပုံစံပေါက်နေတဲ့) ဖက်ရှင်ကိုဝတ်ဆင်ခဲ့တဲ့ Natalie ဟာဒီဇာတ်ကောင်နေရာမှာသရုပ်ဆောင်တဲ့အခါဘယ်လိုအရာတွေကြုံတွေ့ရမလဲဆိုတာသိတယ်လို့ပြောပါတယ်။
Mokingjay ရဲ့ဒါရိုက်တာ Francis Lawrance နဲ့ကျွန်မဆွေးနွေးခဲ့ပြီးတော့ ကျွန်မဆံပင်ကို ရိတ်မယ်လို့ကတိပေးပြီး ဒီအလုပ်ကိုလက်ခံခဲ့ပါတယ်။ ကျွန်မတို့လမ်းတစ်ဝက်ကိုရောက်လာတာ တကယ်ကို ကျေနပ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ဒါကအရေးကြီးဆုံးဖြစ်နေလို့ပါပဲ။ ပြီးတော့ဒါဟာ Cressida ရဲ့နေရာဖြစ်လို့ပဲ။ ဇာတ်ကောင်အတွက်မှန်ကန်တယ်လို့ ကျွန်မထင်တယ်” လို့ပြောသွားပါတယ်။
Ref:starpulse