အမျိုးသမီးတွေ ကျန်းမာရေးအတွက် အရေးပါတဲ့အစားသောက်များ

အစားသောက်တွေများစွာထဲကမှ အမျိုးသမီးတွေအတွက် အကျိုးသက်ရောက်မှု ပိုကောင်းတဲ့
အစားသောက်လေးတွေ ရှိနေပါတယ်။ လေ့လာချက်တွေအရ ဒီအစားစာတွေဟာ အမျိုးသမီး
ကျန်းမာရေးကိုကောင်းမွန်စေရုံမက ရောဂါဖြစ်ပွားနှုန်းတွေကို ကာကွယ်ပေးနိုင်သတဲ့။
ကဲ.. ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်

Lemon Water

8 Foods and Drinks That Can Boost Women’s Health8 Foods and Drinks That Can Boost Women’s Health
အစာခြေစနစ်အတွက်ဆိုရင် Lemon Waterက အတော်လေးအထောက်ကူဖြစ်စေပါတယ်။
မိန်းကလေးတွေဆိုတာ အစားသောက်မက်တဲ့လူမျိုးလေ။ စားချင်တာတွေ စားပြီး မအီလည်ဖြစ်၊ အစာမကြေနိုင်ဖြစ်နေရင် Lemon Water လေးကို သတိရလိုက်နော်။ အစာကြေ လေနိုင်တဲ့
အပြင် အဆီတွေကိုလည်း စုပ်ယူနိုင်ပါတယ်။ ဝိတ်ချချင်တယ်ဆိုရင်လည်း Lemon Water လေးသောက်ပေးနိုင်ပါတယ်။ အသားရောင်ဖူးရောင်နီမြန်းခြင်း နဲ့ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

Raspberry leaf tea

8 Foods and Drinks That Can Boost Women’s Health
နာမည်လေးကြားရုံနဲ့ သောက်ချင်စရာလေးနော်။ သူ့မှာ vitamins နဲ့ minerals ပြည့်ဝစွာပါဝင်တဲ့အတွက် အမျိုးသမီးထုအတွက် ကောင်းမွန်တဲ့ဆေးတစ်ခွက်ပါပဲ။ ဒါ့အပြင် iron, calcium, potassium, vitamins B, A, C နဲ့ E တို့လည်း ပါသေးတယ်နော်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအသုံးပြုရင် ကောင်းမွန်တဲ့ခံစားမှုကို ပေးစွမ်းနိုင်မှာပါ။ ဟော်မုန်းဓာတ်ကို ထိန်းညှိပေးနိုင်ပြီး
ဆီးအသွားကောင်းစေပါတယ်။ Tea သောက်တဲ့အခါ raspberries သီးလေးတွေရောပြီး
အရသာကောင်းမွန်အောင် ရောစပ်သုံးဆောင်ရုံပါပဲ။

ပန်းဂေါ်ဖီစိမ်း

Related image
ပန်းဂေါ်ဖီစိမ်း ကြိုက်တဲ့သူတွေရှိလား.. သတင်းကောင်းပဲနော်။ သူက မျက်လုံးတစ်ဝိုက်အရေး
ကြောင်းတွေကို စပါယ်ရှယ်ကာကွယ်ပေးနိုင်ပါတယ်။ ပုံမှန်စားပေးမယ်ဆိုရင် အရေးကြောင်းတွေလျော့ချစေပြီး အသားရင်းတင်းရင်းမှုကို ရရှိစေမှာပါ။ သူ့မှာ ၁ဝဝ% ဗီတာမင်နဲ့ ကောလဂျင်
ပြည့်​​ဝစွာပါဝင်တာကြောင့် ပျက်စီးနေတဲ့အသားရည်တွေကို ပြည်လည်အားဖြည့်ပေးနိုင်ပါတယ်။

Omega 3 ပါဝင်တဲ့အစားစာများ

8 Foods and Drinks That Can Boost Women’s Health
ဆယ်လ်မွန် ၊ တူနာ ၊ Trout (ရေချိုငါးတစ်မျိုး) ၊ ငါးသေတ္တာ
ဒါတွေက Omega 3 ကြွယ်​​ဝစွာပါဝင်တဲ့ ငါးတွေပဲဖြစ်ပါတယ်။ ဘာလို့ Omega 3 ကိုစားပေးသင့်တာလဲ ။ Omega 3 မှာ eicosapentaenoic acid, docosahexaenoic acid နဲ့ EPA acids တို့ပါဝင်ပါတယ်။ ဒီ acids တွေဟာ အမျိုးသမီးကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့အရာတွေပါပဲ။ နှလုံးရောဂါဖြစ်ပွာနှုန်းကို ကာကွယ်ပေးတယ်။ နွားနို့ ၊ ဒိန်ချဉ်နဲ့ ပဲနို့ တို့မှာလည်း
Omega 3 fatty acids ပါဝင်တာမို့ စားပေးသင့်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက်သတိထားပြီးစားပေးနော်။ အရင်ကထက် လန်းဆန်းတက်ကြွပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်လာပါလိမ့်မယ်။

80 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.