Zendaya နဲ့ Jacob Elordi တို့ချစ်သူတွေဖြစ်နေကြပြီလား?

အခုရက်ပိုင်းအတွင်း နာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသမီး Zendaya နဲ့ မင်းသား Jacob Elordi တို့ ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့သတင်းတွေထွက်ရှိလာခဲ့ပါတယ်။ဒိတ်သတင်းတွေလည်းပျံ့နှံ့နေတဲ့ကြားမှာပဲ မကြာသေးခင်က သူတို့နှစ်ယောက်ရုပ်ရှင်အတူသွားကြည့်ခဲ့တယ်ဆိုတဲ့သတင်းကြောင့်ပရိသတ်တွေဟာ သူတို့ချစ်သူတွေဖြစ်နေကြပြီလို့ ပိုပြီးထင်ကြေးပေးလာကြပါတယ်။

သြဂုတ်လ အစပိုင်းတုန်းက သူတို့နှစ်ယောက် ဂရိမှာအတူရှိနေတဲ့ပုံကို ပရိသတ်တစ်ယောက်က အင်စတာဂရမ်မှာစတင်ခဲ့ပြီး အဲ့ဒီကစလို့ ဒိတ်သတင်းထွက်လာခဲ့တာပဲဖြစ်ပါတယ်။

View this post on Instagram

Damn bae never lets me get a pic alone

A post shared by Easy (@itsm.e.z) on

Zendaya ဟာ Spider Man မင်းသား Tom Holland နဲ့ ဒိတ်သတင်းကောလဟာလထွက်ဖူးပေမဲ့ နောက်ပိုင်းမှာ Tom မှာချစ်သူရှိနေကြောင်းမီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။မင်းသား Jacob ကလည်း “The Kissing Booth” မှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Joey King နဲ့ ချစ်သူတွေဖြစ်ခဲ့ဖူးပြီး အများအားကျရတဲ့စုံတွဲလေးဖြစ်ခဲ့ဖူးပါတယ်။

အခုလက်ရှိမှာတော့ Zendaya နဲ့ Jacob တို့ကို ချစ်သူတွေအဖြစ်ပရိသတ်တွေက ထင်မြင်ယူဆနေကြပါပြီ။သူတို့နှစ်ယောက်ဟာ Euphoria ဆိုတဲ့စီးရီးမှာတွဲဖက်သရုပ်ဆောင်နေကြတာဖြစ်တဲ့အတွက် သူငယ်ချင်းတွေလိုပဲ ရင်းနှီးမှုရှိတာလား၊ချစ်သူတွေဖြစ်ဖို့ သံယောဇဉ်တွေအစပျိုးနေပြီလားဆိုတာကိုတော့ ပရိသတ်တွေဆက်ပြီးစောင့်ကြည့်ရဦးမှာပါပဲ။

84 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.