စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွဲလေးမှာ မြင်တွေ့လာရဖွယ်ရှိတဲ့ မင်းသား Kim Soo Hyun

မိန်းကလေးပရိသတ်တွေရဲ့အသည်းစွဲမင်းသားချောလေး Kim Soo Hyun ဟာ မကြာခင်ဇာတ်လမ်းတွဲသစ်လေးနဲ့ပရိသတ်တွေရှေ့ကိုပြန်လည်ရောက်ရှိလာမယ့်ပုံပါပဲ။

ပြည်ပမီဒီယာတစ်ခုကနေ Kim Soo Hyun ဟာ “Psycho But It’s Okay”ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်မှာဖြစ်တယ်လို့ဖော်ပြလာခဲ့ပါတယ်။ဒါပေမဲ့ အောက်တိုဘာ ၁၇ ရက်နေ့က သူ့ရဲ့အေဂျင်စီ Keyeast ကနေ “tvN ကရိုက်ကူးမယ့် ‘Psycho But It’s Okay’
ဇာတ်လမ်းတွဲက သူ့ကိုလာကမ်းလှမ်းထားတဲ့ဇာတ်လမ်းတွဲတွေထဲကတစ်ခုဖြစ်ပါတယ်”လို့သာပြောခဲ့ပါတယ်။အတည်ပြုလက်ခံထားခြင်းတော့မရှိသေးပါဘူး။

‘Psycho But It’s Okay’ဇာတ်လမ်းတွဲဟာ အချစ်ဆို အဝေးကရှောင်တဲ့အမျိုးသားလေးနဲ့ အချစ်ဆိုတာ ဘာမှန်းမသိတဲ့ အမျိုးသမီးလေးတို့အကြား ချစ်ခြင်းမေတ္တာဖြစ်ပေါ်လာပုံကိုရိုက်ကူးပြသသွားမယ့်စိတ်ကူးယဉ်အချစ်ဇာတ်လမ်းပုံစံလေးဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာKim Soo Hyun ကို Moon Kang Tae ဆိုတဲ့ ရုပ်ချော၊သဘောကောင်း၊စိတ်ရှည်သည်းခံတတ်တဲ့ ကျန်းမာရေးဝန်ထမ်းကောင်လေးအဖြစ်သရုပ်ဆောင်ဖို့ ကမ်းလှမ်းထားတာပါ။

ဒီဇာတ်လမ်းတွဲသစ်လေးကို ဒါရိုက်တာ Park Shin Woo က ရိုက်ကူးသွားမှာဖြစ်ပါတယ်။“Psycho But It’s Okay” ဇာတ်လမ်းတွဲမှာKim Soo Hyun ပါဝင်ရိုက်ကူးမယ်ဆိုရင် ဒါက “The Producers”ဇာတ်လမ်းတွဲအပြီး ငါးနှစ်အတွင်း ရိုက်ကူးတဲ့ပထမဆုံးဇာတ်လမ်းတွဲဖြစ်လာမှာပါ။မကြာသေးခင်ကတော့ “Hotel Del Luna” ဇာတ်လမ်းတွဲမှာ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ပါသေးတယ်။

ပရိသတ်ကြီးရော Kim Soo Hyun ကို ဇာတ်လမ်းတွဲသစ်လေးမှာ တွေ့ချင်နေပြီလား?

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.