နုပျိုကျန်းမာတဲ့အကောင်းစားအသားအရေလးပိုင်ဆိုင်ချင်ရင်…

အသက်ကြီးလာရင်တောင် ကိုယ့်ရဲ့အသားအရေဟာ ကလေးလေးတွေရဲ့ အသားအရေလိုမျိုး နုပျိုကျန်းမာနေချင်တာ မိန်းကလေးတိုင်းရဲ့ ဆန္ဒပါပဲ။အဲ့ဒီလိုအရေးအကြောင်းကင်းပြီး လှပတဲ့အသားအရေမျိုးပိုင်ဆိုင်ဖို့ဆိုတာလည်း အသက် ၂၀ကျော် ကတည်းက မပျင်းမရိထိန်းသိမ်းဖို့ လိုပါတယ်။ပျိုမေတို့အနေနဲ့ အသားအရေထိန်းသိမ်းဖို့ဆိုရင် ဒီအချက်သုံးချက်လောက်ကို မဖြစ်မနေသိထားသင့်ပါတယ်။

*မိတ်ကပ်တွေနဲ့ မအိပ်ပါနဲ့

အပြင်ကနေပြန်လာပြီး ပင်ပန်းလို့၊အိပ်ချင်နေလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ မိတ်ကပ်မဖျက်ပဲ အိပ်ပစ်လိုက်တာမျိုးရှိနေပြီလား?အဲ့ဒီလိုဆို အဆင်မပြေပါဘူးနော်။နောက်တစ်နေ့ကျ ၀က်ခြံတွေထွက်လာပါလိမ့်မယ်။မိတ်ကပ်မဖျက်ပဲ အိပ်စက်လိုက်တဲ့အခါ ချွေးပေါက်တွေပိတ်ဆို့မယ်။ ချွေးပေါက်ထဲက မိတ်ကပ်အကြွင်းအကျန်တွေကနေ၀က်ခြံ၊တင်းတိပ်တွေဖြစ်လာပါလိမ့်မယ်။ဒါကြောင့် မိတ်ကပ်မဖျက်ပဲ လုံးဝမအိပ်သင့်ပါဘူး။

*တိုနာလိမ်းပါ 

မျက်နှာသစ်သန့်စင်ပြီးရုံနဲ့လည်း မျက်နှာက အညစ်အကြေးတွေအားလုံးကုန်စင်မသွားပါဘူး။ဒါကြောင့် တိုနာထပ်ပြီးလိမ်းပေးဖို့လိုပါတယ်။တိုနာက ချွေးပေါက်တွေကိုပိုသန့်စင်စေပြီး အဆီပြန်တာကို လည်းထိန်းချုပ်ပေးတဲ့အတွက် ၀က်ခြံ၊အဆီဖုတွေအလွယ်တကူဖြစ်မလာစေပါဘူး။ အသားအရေ ထိန်းသိမ်းဖို့ဆိုရင် တိုနာသုံးတာက မဖြစ်မနေလုပ်သင့်တဲ့ အခြေခံအချက်တစ်ခုပါပဲ။

*အားဖြည့် Cream လိမ်းပါ 

ညဘက်ဆိုရင် ဆဲလ်အသစ်တွေ ပြန်လည်ဖြစ်ပေါ်လာပြီး အသားအရေကိုပိုကောင်းလာအောင်  လုပ်ဆောင်ပေးပါတယ်။ဒါကြောင့် အဲ့ဒီအချိန်မှာ တစ်နေကုန်မိတ်ကပ်တွေနဲ့ပိတ်ဆို့ထားတဲ့မျက်နှာကို ပြန်လည်အားဖြည့်ဖို့လိုပါတယ်။အရေပြားကိုအားဖြည့်ပေးမှ အတွင်းပိုင်းဆဲလ်တွေထိ ကျန်းမာပြီး နုပျိုလှပတဲ့အသားအရေမျိုးကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဥပမာ- NIVEA Hyaluron Cellular Night Cream ဟာဆိုရင် အသားအရေရဲ့ Collagen ထုတ်လုပ်မှု ကိုလည်း ၂၄ ရာခိုင်နှုန်းထိမြှင့်တင်ပေးနိုင်တဲ့အတွက် ချက်ချင်းတင်မက ရေရှည်ပါ နုပျိုတင်းရင်းစေ ပါတယ်။ Hyaluronic Acid ကလဲ အစိုဓာတ်များများဖြည့်ပေးတာကြောင့် အသားအရေကိုပိုးသားလိုနူးညံ့ချောမွေ့သွားစေပါတယ်။အသုံးပြုပုံကလည်း လွယ်ကူပါတယ်။တိုနာလိမ်းပြီးချိန်မှာ NIVEA Hyluron Cellular Serum လိမ်းအပြီး လိမ်းလိုက်ရုံပါပဲ။

NIVEA ချစ်သူတွေကတော့ Night Cream တင်မက Day Cream ကိုလည်းသုံးချင်ကြမယ်ထင်ပါတယ်နော်။ Day Cream မှာလဲ Hyaluron Cellular Filler Formula အပြင် SPF 30 ပါ ပါဝင်လို့ နုပျိုတင်းရင်းစေရုံမကပဲ နေလောင်ဒဏ်ကနေလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။အသုံးပြုပုံကတော့ Skin Care အဆင့်ဆင့်လိမ်းပြီးချိန်မှာ လိမ်းရုံပါပဲ။

အကောင်းစားမိတ်ကပ်တွေသုံးသလိုပဲ အကောင်းစားအသားအရေလေးဖြစ်နေဖို့လဲ ဂရုစိုက်ပေးဖို့လိုပါတယ်။ ဒါကြောင့် ပုံမှန် မပျင်းမရိ skin care တွေလုပ်ပေးပြီး နုပျိုတင်းရင်းတဲ့ အသားအရေလေးကို ပိုင်ဆိုင်လိုက်ပါ။

69 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.