အသားရေလေး ကြည်လင်ပြီး တင်းရင်းနုပျိုစေဖို့ ဘယ်လိုပစ္စည်းမျိုးကိုရွေးချယ်သင့်လဲ

ကိုယ့်ရဲ့နဂိုအသားရေအခံလေး ကြည်လင်နေတယ်ဆိုရင် မိတ်ကပ်လိမ်းတဲ့အခါ ပိုအဆင်ပြေပြီး ပိုလှနေစေပါတယ်။ ဒါကြောင့် အသားအရေကို အမြဲချောမွေ့နူးညံ့စေဖို့ ဂရုစိုက်သင့်ပါတယ်။

အသက်လေးနည်းနည်းရလာတာနဲ့ အရေးကြောင်းတွေပေါ်လာလို့ စိတ်ညစ်နေတဲ့ ချစ်တို့အတွက် အသားရေကိုနုပျိုတင်းရင်းစေပြီး အိုမင်းရင်ရော်မှုကိုလျော့ချပေးနိုင်တဲ့ NIVEA Hyaluron Cellular Anti-aging series လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အသားရေရဲ့ ကိုယ်ပိုင် Collagen ထုတ်လုပ်မှုကို ၂၄% ထိ တိုးမြှင့်ပေးတဲ့ Hyaluron Cellular Filler Formula ကြောင့် NIVEA Cellular series ဟာ အသားရေကို ပိုးသားလေးလိုနူးညံ့စေပြီး နုပျိုတင်းရင်းစေပါတယ်။ ဒါ့အပြင် Hyaluronic Acid က အသားရေအစိုဓာတ်ကို အပြည့်ဝထိန်းသိမ်းပေးတာကြောင့် စိုပြေတောက်ပစေပါတယ်။ Day Cream မှာ SPF 30 ကလည်းပါတယ်ဆိုတော့ နေလောင်ဒဏ်ကို ကောင်းကောင်းကြီး ခုခံနိုင်ပြီပေါ့။

ပိုပြီးကောင်းမွန်တဲ့ အကျိုးအာနိသင်ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Day & Night Cream ကို တွဲသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

(Unicode) 





106 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.