ငိုကြွေးခြင်းက သင့်ရဲ့ကျန်းမာရေးအခြေအနေတွေကို ဒီလိုကုစားပေးနိုင်

လေ့လာမှုများအရ ယူအက်စ်မှာ အမျိုးသမီးတွေဟာ တစ်လကို ၃.၅ ကြိမ် ငိုကြပြီး
ယောက်ျားတွေကတော့ တစ်လမှာ ၁.၉ကြိမ်ငိုကြွေးကြသတဲ့။ လူတွေကတော့ ငိုကြွေးခြင်းဟာ
အားပျော့ရာကို ပြတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ငိုစရာကိစ္စပေါ်လာရင်တော့ ငိုရမှာပဲ
မဟုတ်လား ။ ငိုချလိုက်တဲ့အခါ ဘယ်လိုဖြစ်သွားလဲ။ ပေါ့သွားတယ်လို့ မခံစားရဘူးလား ။း

ငိုကြွေးခြင်းမှာ သင်မထင်မှတ်ထားတဲ့ အကျိုးကျေးဇူးတွေရှိနေမယ်ဆိုရင်ရော..
သိချင်တယ်မဟုတ်လား… ပြောပြပေးမယ်နော်..

စိတ်ဖိစီးမှု

Image result for Stress
စိတ်ဖိစီးမှုက အရွယ်ရောက်လာတဲ့လူတိုင်း တွေ့ကြုံခံစားရမယ့် အရာတစ်ခုပါ။ ငိုကြွေးခြင်းက
ဒီပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ငိုလိုက်တာနဲ့ စိတ်တွေ ချက်ချင်းပေါ့ပါးသွာမှာ မဟုတ်ပါဘူး။
မိနစ်အနည်းငယ်လောက်ကြာမှ ခန္ဓာကိုယ်က ပေါ့ပါးမှုကို ခံစားမိမှာဖြစ်ပါတယ်။
သိပံ္ပပညာရှင်တွေပြောပြချက်အရ ငိုတဲ့အခါ parasympathetic nervous system (PNS) က အလုပ်လုပ်လာတဲ့အတွက် စိတ်ဖိစီးမှုတွေလျော့ကျစေတယ်တဲ့ ။

အညစ်ကြေးတွေ စွန့်ထုတ်သလိုဖြစ်

Image result for cry
ခန္ဓာကိုယ်မှာရှိတဲ့ အညစ်ကြေးတွေက မျက်ရည်ကနေတစ်ဆင့်လည်း ပါသွားနိုင်ပါတယ်တဲ့ ။
ဥပမာ မျက်လုံးထဲရှိတဲ့ ဖုန်တွေ၊ မီးခိုးမှုန့်တွေဟာ မျက်ရည်နဲ့အတူ ပါသွားတဲ့အခါ မျက်လုံး
အမြင်အားလည်း အရင်ကထက်ပိုကောင်းလာပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် stress ကို လျော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ကြီးကြီးမားမားငိုပြီးတဲ့အခါ စိတ်ရော ၊ လူပါ ပေါ့ပါးနေသလို ခံစားနေရတာဖြစ်ပါတယ်။

စိတ်အပြောင်းလဲမြန်စေ

5 Health Problems That Crying Can Help You to Solve
ခုငိုလိုက် ခုတိတ်လိုက်နဲ စိတ်အပြောင်းလဲမြန်ချက်က မျောက်လိုပဲလို့ မထင်ပါနဲ့။ စိတ်ညစ်လို့ ၊
ဝမ်းနည်းလို့ ငိုတယ်။ ဖွင့်ထုတ်ပြီးတဲ့အခါ ပင်ပန်းသွားတဲ့အတွက် မျက်လုံးလေးမှိတ် ခဏလောက်အိပ်စက်လိုက်တာနဲ့ ခုနက ငိုချင်တဲ့စိတ်ဟာပျောက်သွားပြီး အခြားအရာပေါ် စိတ်ပြောင်း ၊
အာရုံကောင်းကောင်း စိုက်နိုင်သွားတယ်တဲ့။

နာကျင်မှုကို ပြေပျောက်စေ

Related image
အသားနာတဲ့အခါ လူတိုင်းအော်ကြတာပါပဲ။ ပိုပြင်းရင်တော့ ငိုကြတာပေါ့ ။ ဒီလိုပဲ နာကျင်လာတဲ့အခါ အော်ငိုလိုက်ပါ။ ငိုလိုက်တဲ့အခါ ဒဏ်ရာနာကျင်မှုတစ်ဝက်ကို ပြေလျော့စေပါတယ်။
မျက်ရည်တွေက oxytocin နဲ့ endorphins ကိုထုတ်လုပ်ပေးတဲ့အတွက် သင့်ကို နေရသက်သာနေမှာပါ။

100 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.