အနုပညာရှင်လူငယ်လေးတွေအတွက် အကြံဥာဏ်တစ်ချို့ပေးခဲ့တဲ့ မင်းသမီးကြီး Bae Jong Ok

မင်းသမီးကြီး Bae Jong Ok ဟာ အနုပညာလောကထဲမှာကျင်လည်လာတာ ၃၅ နှစ်နီးပါးရှိနေပါပြီ။ဇာတ်ကောင်မျိုးစုံမှာပါဝင်သရုပ်ဆောင်ဖူးသလို လူကောင်းနေရာမှာရော၊ဗီလိန်နေရာတွေမှာပါ သရုပ်ဆောင်ဖူးတဲ့သူတစ်ယောက်ပါ။သူမဆိုရင်လည်း ပရိသတ်တွေဆီက ဝေဖန်တာတွေ၊အကြံပေးတာတွေ၊ပြစ်တင်တာတွေမျိုးစုံကိုကြုံတွေ့ခဲ့ဖူးပါတယ်။

မကြာသေးခင်က အင်တာဗျူးတစ်ခုမှာတော့ Bae Jong Ok ဟာ ဒီလိုမျိုးရိုင်းစိုင်းရက်စက်တဲ့ Comment တွေနဲ့ပတ်သက်လို့ ဘယ်လိုလုပ်သင့်လဲဆိုတာကို သူမရဲ့ ဂျူနီယာအနုပညာရှင်လူငယ်လေးတွေအတွက် အကြံပေးခဲ့ပါတယ်။

မင်းသမီး Bae Jong Ok က

“အင်တာနက်မှာတက်လာတဲ့ Comment မှန်သမျှ ဘာကိုမှ မဖတ်ဖို့ ကျွန်မရဲ့ဂျူနီယာတွေကို အကြံပေးချင်ပါတယ်။အနုပညာရှင်အများစုက ဒီလို အပြစ်တင်ဝေဖန်ရိုင်းစိုင်းတဲ့ Comment တွေကိုဖတ်ပြီးနာကျင်ခံစားနေကြရပါတယ်။ကျွန်မကတော့ ဘာ comment မှမဖတ်ပါဘူး။တစ်စုံတစ်ယောက်က သူတို့ကို မကြိုက်ဘူးဆိုတာနဲ့ လူတွေရဲ့စိတ်ထဲမှာမလွတ်လပ် မပျော်ရွှင်တော့ပါဘူး။အဆင်ပြေတယ်ပြောနေပေမဲ့လည်း တကယ်တော့ အဆင်မပြေပါဘူး။ဒါကြောင့် Comment တွေကိုလုံးဝ မကြည့်ဖို့ ကျွန်မ ပြောချင်ပါတယ်။အနုပညာရှင်လူငယ်လေးတွေက Comment တွေကို ဖတ်လေ့ရှိကြပါတယ်။ဒါပေမဲ့ သူတို့စိတ်ကိုသူတို့ တည်ငြိမ်အောင်ထိန်းချုပ်ဖို့လိုပြီး ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့သာအာရုံစိုက်ဖို့လိုတယ်လို့ ကျွန်မထင်ပါတယ်။ပြီးတော့ Comment တွေကိုဖတ်မယ်ဆိုရင် တစ်ခြားသူတွေ သူတို့နဲ့ ပတ်သက်ပြီး ဘယ်လိုတွေးထင်ကြလဲ ကြားရတဲ့အခါ ကိုယ့်ရဲ့စိတ်နဲ့နှလုံးသားကို စိတ်တည်ငြိမ်လွတ်လပ်အောင်ဘယ်လိုပြန်ထိန်းချုပ်ရမလဲ သင်ယူထားဖို့လိုပါတယ်”လို့ အကြံပေးထားပါတယ်။

အခုလတ်တလောမှာဆိုရင် မင်းသမီး Bae Jong Ok ဟာ “Graceful Family”ဇာတ်လမ်းတွဲမှာပါဝင်ရိုက်ကူးထားပြီး ထိုဇာတ်လမ်းတွဲဟာလည်းပရိသတ်အားပေးမှုစံနှုန်းများပြားလျက်ရှိတယ်လို့သိရပါတယ်။

888 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.