မင်းသမီး Kim Tae Hee ကို ဇာတ်လမ်းတွဲသစ်မှာ ပြန်လည်မြင်တွေ့ရတော့မှာလား?

နာမည်ကျော်တောင်ကိုရီးယားမင်းသမီးတစ်ယောက်ဖြစ်တဲ့ Kim Tae Hee ဟာ ဇာတ်လမ်းတွဲရိုက်ကူးမှုတွေနည်းပါးပြီး ပရိသတ်တွေနဲ့ အလှမ်းဝေးနေခဲ့တာ ၅ နှစ်နီးပါးလောက်ရှိနေပါပြီ။အလှမ်းဝေးတယ်ဆိုပေမဲ့လည်း သူမရဲ့ပုံလေးတွေကိုတော့ အင်စတာဂရမ်အကောင့်တွေမှာ မြင်တွေ့နေရဆဲပါ။ပြီးခဲ့တဲ့စက်တင်ဘာလကဆိုရင်လည်း သူမရဲ့ဒုတိယမြောက်ရင်သွေးလေးမွေးဖွားပြီးတဲ့အကြောင်းကို ပရိသတ်တွေက သိခဲ့ပြီး ၀မ်းသာဂုဏ်ပြုပေးခဲ့ကြပါသေးတယ်။

အောက်တိုဘာ ၁၆ ရက်နေ့ကတော့ ပရိသတ်တွေအတွက် ၀မ်းသာစရာသတင်းကောင်းလေးတစ်ခုလို့ပြောလို့ရနိုင်တဲ့သတင်းလေးတစ်ခုတက်လာခဲ့ပါတယ်။အဲ့ဒါကတော့ Kim Tae Hee ဟာ tvN ကရိုက်ကူးမယ့်ဇာတ်လမ်းတွဲသစ်မှာ ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်လာနိုင်ဖွယ်
ရှိတယ်ဆိုတဲ့သတင်းပါပဲ။

သူမရဲ့အေဂျင်စီ Story J Company ကလည်း “မင်းသမီး Kim Tae Hee ဆီကို tvN က ဇာတ်လမ်းတွဲကမ်းလှမ်းချက်ရောက်လာတဲ့သတင်းကအမှန်ပါပဲ။ဒါပေမဲ့ ဆုံးဖြတ်ချက်တော့မချရသေးပါဘူး”ဆိုပြီး ပြောခဲ့ပါတယ်။Kim Tae Hee ကို “Hello,Mom”ဆိုတဲ့ဇာတ်လမ်းတွဲသစ်မှာပါဝင်ဖို့ကမ်းလှမ်းထားတာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲသစ်မှာ သူမ ပါဝင်သရုပ်ဆောင်မယ်ဆိုရင် ဒါဟာ လေးနှစ်ကျော်ငါးနှစ်အတွင်း သူမရဲ့ ပထမဆုံးဇာတ်လမ်းတွဲဖြစ်မှာပါ။သူမနောက်ဆုံးရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲဟာ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Yong Pal”ဇာတ်လမ်းတွဲဖြစ်ပါတယ်။

Kim Tae Hee ဟာ အဆိုတော်သရုပ်ဆောင် Rain နဲ့ ၂၀၁၇ တုန်းက လက်ထပ်ခဲ့ပြီး သူမရဲ့ မိသားစုအပေါ်မှာသာ အာရုံစိုက်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင် သူတို့မိသားစုလေးမှာ ချစ်စရာရင်သွေးလေးနှစ်ယောက်ရှိနေပါပြီ။ရင်သွေးလေးနှစ်ယောက်မွေးဖွားပြီးတဲ့နောက်ပိုင်း
သူမဘက်က အနုပညာအလုပ်တွေအပေါ် ပြန်ပြီးအာရုံစိုက်လုပ်ကိုင်သွားမယ်ဆိုတဲ့အကြောင်းတွေလည်း မီဒီယာထက်မှာ ပျံ့နှံ့ခဲ့ဖူးပါတယ်။ဒီတော့ Kim Tae Hee ကို ဇာတ်လမ်းတွဲသစ်မှာ
ပရိသတ်တွေမြင်တွေ့ရမှာလားဆိုတာကိုတော့ ဆက်ပြီးစောင့်မျှော်ရမှာပါပဲ။

ပရိသတ်ကြီးရော သူမကို ဇာတ်လမ်းတွဲသစ်မှာ မြင်တွေ့ရဖို့ စိတ်လှုပ်ရှားရင်ခုန်ရဲ့လား?

Source:Soompi

736 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.