သမုဒ္ဒရာအောက်က ခရီးသည်

yesah_x_teeteeheehee_capsule_collection_ss14_decor_main.jpg

          စင်္ကာပူဖက်ရှင် label တစ်ခုဖြစ်တဲ့ Yesah ရဲ့ နောက်ဆုံးပေါ် Teeteeheehee collection လက်ရာတွေကိုတော့ ရေအောက်ခရီးသွား လို့အမည်ပေးထားပြီး စိတ်လှည်စားမှုဖြစ်စေနိုင်တဲ့ ဆိုက်ကို အရောင်တွေကို သုံးထားတာပါ။

          စင်္ကပူရဲ့ DJ လည်းဖြစ် ၊ ဖက်ရှင်ဒီဇိုင်နာလည်းဖြစ် ၊ အွန်ုလိုင်းစတိုးပိုင်ရှင်လည်းဖြစ် ၊ မော်ဒယ်လည်းဖြစ်တဲ့ Linda Hao က စင်္ကာပူအထည်ဒီဇိုင်နာနဲ့ အနုပညာရှင် Teresa Lim နဲ့ ပူးပေါင်း တီထွင်ထားတာ ဖြစ်ပါတယ်။ သူတို့ရဲ့လက်ရာတွေကိုတော့ Spring Summer 2014 မှာ တွေ့နိုင်ပါတယ်။

          “Psychedelic Trip Under The Sea” လို့အမည်ပေးထားတဲ့ Yesah ရဲ့ ဒီဇိုင်းဟာ Linda ရဲ့ လက်ရှိ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “electronic , pillowy synth-disco music” ဆိုတဲ့ သီချင်းရဲ့ လွှမ်းမိုးမှုတွေ အများပြားပါဝင်ပါတယ်။

          သီချင်းထဲမှာ ရေသူမလေးဟာ ရေအောက်မှာ လမ်းမှားနေတယ်။ အဲဒီမှာ ရေသူမလေးဟာ သူမရဲ့လမ်းကြောင်းကို သန္တာကျောက်တန်းတွေနဲ့ ပင်လယ် ရေမှော်တွေ ကြားမှာ စတင်ရှာဖွေနေပြီး သူမဟာ အီလက်ထရောနစ် တီးလုံးသံတွေ ၊ ရေအောက်မျက်လှည့်တွေနဲ့ သမုဒ္ဒရာကြီးရဲ့ အဆုံးမရှိဘဲ တလက်လက်တောက်ပ နေတဲ့ ချစ်စရာကောင်းပုံတွေကို စတင်တွေ့ရှိပါတော့တယ်။

          “ဒါဟာ ကျွန်မ သီချင်းကို collection နဲ့ဘယ်လိုပေါင်းစပ်လိုက်လဲဆိုတဲ့ မျက်လှည့်တစ်ခုပါ။ mixtape တစ်ခုလုပ်ရမယ့်အစား အင်္ကျံဒီဇိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ သီချင်းနဲ့ စိတ်ကူးစိတ်သန်းတွေကို ကျွန်မဘယ်လို ဈာန်ဝင်စားပြီး ဥာဏ်ကစားထားသလဲဆိုတဲ့ ရလဒ်အတိအကျပါပဲ” လို့ Linda ကပြောပါတယ်။

          ဒီ Yesah X Teeteeheehee ဆိုတဲ့ ဒီဇိုင်းလေးကို သုံးသပ်ကြည့်သူတွေက ပေါ့ပါးတယ် ၊ စိတ်ရွှင်လန်းစေတယ် ၊ ၀တ်ရတာ လွယ်ကူပြီး သက်သောင့်သက်သာရှိတယ်လို့ ဆိုပါတယ်။ အိမ်မှာပဲဖြစ်ဖြစ်၊ လမ်းမှာပဲဖြစ်ဖြစ် ၊ နောက်ဆုံး စင်ပေါ်ပဲတက်တက် အသုံးပြုရတာ အံဝင်ခွင်ကျရှိတယ်လို့လည်း ဆိုပါတယ်။

Ref:herworldplus

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.