အမြဲစိတ်ပင်ပန်းနေတယ်လို့ ညဉ်းတွားမိနေပြီလား

စိတ်ကျရောဂါဆိုတာ ကိုယ့်မှာရှိလို့ရှိမှန်းမသိ ဖြစ်တတ်ပါတယ်။ ဒီရောဂါစဖြစ်ပြီဆိုရင်
နေ့စဉ်သွားလာ လှုပ်ရှားနေရင်း စိတ်မပါသလို ၊ အမြင်ဆိုးတွေနဲ့ ကိုယ့်ကိုကိုယ် မပျော်ရွှင်အောင်ဖန်တီးပစ်သလို ကူညီရာမဲ့ခံစားချက်မျိုးဝင်စေတတ်ပါတယ်။

depression

ကမ္ဘာပေါ်မှာ ထောင်ပေါင်းများစွာသော လူတွေ ဒီလိုခံစားနေရတာပါပဲ။ ရောဂါနက်သွားတဲ့အခါ
ခံစားချက်က ပိုပြင်းထန်လာတတ်ပါတယ်။ အနုစားဆိုရင်တော့ အစပိုင်းမှာ အမြဲပင်ပန်းနေမယ်။ဘာမှမလုပ်ပဲနဲ့တောင် စိတ်တွေလေးလံပြီး အလုပ်လုပ်တာနဲ့ ကိုယ်တွေ ၊လက်တွေ နာကျင်
လာသလိုမျိုး ခံစားရပါလိမ့်မယ်။

လူဆိုတာ စိတ်နဲ့ပဲ သွားလာလှုပ်ရှားနေရတာဆိုတော့ စိတ်ဓာတ်တစ်ခုလည်း ဒုန်းဒုန်းကျသွားတဲ့အခါ အရုပ်ကြိုးပြတ်ဖြစ်သွားတတ်ပါတယ်။ စိတ်ဖိစီးမှုတွေများလာရင် မြန်မြန်ဖြေလျော့နိုင်ဖို့
လိုတယ်။

Image result for exercise

ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ပါ။ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဖြစ်ရဲ့လား ။
လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်အတွက်ပဲ အကျိုးပြုတာ မဟုတ်ပါဘူး။ စိတ်အတွက်လည်း အ
ထောက်ကူဖြစ်ပါတယ်။ ကိုယ်တွေ ၊လက်တွေ လှုပ်ရှားတက်ကြွနေမှ ၊ အိပ်ရေးဝနေမှ ၊
အားလုံးဟာ ပုံမှန်အတိုင်းလည်ပတ်နေမှ စိတ်ရော ၊ ကိုယ်ပါ ကျန်းမာမှာပါ။

တစ်နေ့ကို အနည်းဆုံး မိနစ် ၂ဝလောက်တော့ လေ့ကျင့်ခန်းလုပ်ပေးပါနော်။ ပြီးရင် ယှဉ်ပြီး
ဆန်းစစ်ကြည့်ပါ။ လေ့ကျင့်ခန်းလုပ်တာာနဲ့ မလုပ်တာ ဘယ်ဟာပိုကောင်းလဲဆိုတာ
သိလာပါလိမ့်မယ်။

Image result for meditation

စိတ်ဆိုတာ ဖမ်းရခက်ပါတယ်။ ဂဏာမငြိမ်တဲ့ ဒီစိတ်ကို အေးချမ်းတည်ငြိမ်စေဖို့ တရားထိုင်ပေးဖို့လည်းလိုတယ်။ တစ်နေ့ကို အချိန်နည်းနည်းစီဖဲ့ပြီး တရားထိုင်ကြည့်ပါ။ တကယ်ပဲ သင့်ရဲ့
စိတ်တွေ အေးချမ်းလာပါလိမ့်မယ်။ အရင်ကထက် ပျော်ရွှင်လန်းဆန်းလာပြီး တက်ကြွလာမယ်လို့ ရဲရဲကြီး အာမခံပါတယ်။ ဒါကြောင့် စိတ်ဓာတ်အကျမခံပါနဲ့။ မပြိုလဲပါစေနဲ့ ။

693 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.