ဆေးရုံတက်နေရပေမယ့်လည်း ချစ်သူရဲ့ရိုဆန်မှုမှာ ပျော်ရွှင်ကြည်နူးနေသော Miley Cyrus

အနုပညာရှင်တွေရဲ့အချစ်ရေးတွေကတော့ ရှုပ်ထွေးပါတယ်။ ဒါပေမယ့် ကိုယ်ချစ်တဲ့ အနုပညာရှင်တွေ သူတို့တွေလူမှန်နဲ့တွေ့ပြီး ပျော်ရွှင်ကြည်နူးနေကြတာတွေ့တော့လည်း ပရိသတ်တွေ ဝမ်းသာရတာပါပဲ။

ခင်ပွန်းဟောင်းဖြစ်သူ Liam Hemsworth နဲ့ကွာရှင်းလိုက်ပြီးနောက် သြစတေးလျ အဆိုတော်
Cody Simpson နဲ့ ချစ်ကြိုက်နေခဲ့ပါပြီ။ အင်စတာဂရမ်မှာ ပုံလေးတွေတူတူတင်ရင်း
comment မှာလည်း ရိုနေကြပါတယ်။

အလုပ်တွေ တစ်ဖက် ၊ လူမှုရေးကိစ္စတွေနဲ့ စိတ်ဖိစိးနေတဲ့ Miley ဆေးရုံတက်ရတဲ့ အနေထား
တစ်ခုရောက်လာခဲ့ပါတယ်။ သူမနေပြန်ကောင်းအောင် ကြိုးစားနေတယ်။

အလုပ်တွေ ဆက်လုပ်ဦးမှာမို့ ပရိသတ်တွေ စိတ်မပူဖို့ ပို့စ်လေးတင်ထားခဲ့သလို တစ်ဖက်မှာလည်း အလိုက်သိလွန်းတဲ့ချစ်သူကြောင့် ရောဂါတစ်ဝက် သက်သာရပြန်တယ်။

Cody Simpson ဟာ သူမအတွက် ပန်းစည်းလေးနဲ့ ဂစ်တာလေးကိုင်ပြီး အခန်းထဲဝင်လာပုံကို
တွေ့ရမှာပါ။ Miley နေပြန်ကောင်းအောင် လာအားပေးတဲ့ ချစ်သူအကောင်းစားလေး
Cody ပါပဲ။ နေပြန်ကောင်းပါစေ .. Miley !

317 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.