Jewelry Brand ပရိုမိုးရှင်းပွဲတက်ရောက်မယ့်အစီအစဉ်ကို Cancel လုပ်ခဲ့တဲ့ Song Hye Kyo

တောင်ကိုရီးယားရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Song Hye Kyo ဟာ နာမည်ကျော် Jewelry Brand တစ်ခုရဲ့ ပရိုမိုးရှင်းပွဲကို တက်ရောက်ဖို့စီစဉ်ထားပေမဲ့ Cancel လုပ်ခဲ့ကြောင်း သိရပါတယ်။

အစတုန်းက အောက်တိုဘာ ၁၇ရက်နေ့၊ဒီနေ့ ကျင်းပမယ့် လက်ဝတ်ရတနာပြပွဲကို Song Hye Kyo က တက်ရောက်ဖို့စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ မကြာသေးခင်က ကြားခဲ့ရတဲ့ Sulli ရဲ့ စိတ်မကောင်းစရာသတင်းကြောင့် သူမရဲ့ထပ်တူဝမ်းနည်းမှုကိုပြသတဲ့အနေနဲ့ သူမဘက်က ဒီပွဲကိုတက်ရောက်မယ့်အစီအစဉ်ကိုဖျက်ခဲ့တာပဲဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်တိုဘာ ၁၆ရက်နေ့က Brand ရဲ့ တာဝန်ရှိသူတစ်ယောက်ကနေ “မမျှော်လင့်ပဲကြားလိုက်ရတဲ့သတင်းကြောင့် ကျွန်တော်တို့ Song Hye Kyo နဲ့အတူစီစဉ်ထားတဲ့ပွဲလေးကို ဖျက်သိမ်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။Sulli ကွယ်လွန်သွားတဲ့သတင်းကြောင့် Song Hye Kyo ဟာ သူမရဲ့စိတ်မကောင်းဖြစ်မှုကို ဖော်ပြတဲ့အနေနဲ့ အခုလိုမျိုးသူမရဲ့အစီအစဉ်တွေကို ရပ်ဆိုင်းခဲ့တာပါ။မီဒီယာတွေနဲ့ချိတ်ဆက်ထားပြီးသားဖြစ်သလို ၀န်ထမ်းတွေအားလုံးရဲ့ကြိုးစားမှုနဲ့စီစဉ်ထားတဲ့ပွဲဆိုပေမဲ့လည်း ကျွန်တော်တို့ Sulli အတွက်စိတ်မကောင်းဖြစ်တာကြောင့် ဒီပွဲလေးကိုဖျက်သိမ်းခဲ့တာဖြစ်ပါတယ်”လို့ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဒီပွဲကိုသာ ကျင်းပဖြစ်မယ်ဆိုရင် ဒါဟာ Song Hye Kyo  အတွက် မင်းသား Song Joong Ki နဲ့ကွာရှင်းပြတ်စဲအပြီး ကိုရီးယားမှာ ပထမဆုံး ပရိုမိုးရှင်းပွဲလုပ်တာလည်းဖြစ်ပါတယ်။ကွာရှင်းပြီးနောက် ကိုရီးယားပရိသတ်တွေနဲ့ ပထမဆုံးပြန်လည်တွေ့ဆုံမယ့်ပွဲလို့ဆိုရင်လည်း မမှားပါဘူး။ဒါပေမဲ့ Song  Hye Kyo ဟာ သူမရဲ့ဂျူနီယာဖြစ်တဲ့ Sulli အတွက် စိတ်မကောင်းဖြစ်မှုကို အခုလိုပဲ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အနုပညာကြယ်တစ်ပွင့် ကြွေလွင့်သွားရတဲ့အတွက် အနုပညာမောင်နှမတွေကရော၊ပရိသတ်တွေကပါ ကြေကွဲဝမ်းနည်းမဆုံးဖြစ်နေကြပါတယ်။Sulli အတွက်စိတ်မကောင်းဖြစ်မှုကိုဖော်ပြတဲ့အနေနဲ့ သူမရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်တဲ့ IU နဲ့ Taeyeon တို့ကလည်း သူတို့ရဲ့
အနုပညာလှုပ်ရှားမှုတွေကို ခဏရွေ့ဆိုင်းထားကြောင်းသိရပါတယ်။

Source:Allkpop

4K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.