ကိုယ့်ဆီမှာ မီးခိုးရောင်ဘလေဇာတစ်ထည်လောက်ရှိပြီဆိုရင် အနည်းဆုံးဒီဇိုင်းငါးမျိုးလောက် ထွင်ဝတ်လို့ရပါပြီ။ တွဲဖက်ဝတ်ဆင်ရမယ့် အရာတွေ ကွဲပြားသွားတာနဲ့ ကိုယ်ရွေးချယ်ထားတဲ့ ဘလေဇာကိုတောင် ဒီတစ်ထည်တည်းနဲ့ အလုပ်ဖြစ်နေမှန်း ဘယ်သူမှသိမှာ မဟုတ်ဘူးနော်။ ဒါ့ကြောင့် Boyfriend Blazer တစ်ထည်နဲ့ ဘယ်လိုဖက်ရှင်ကျအောင် ၀တ်ဆင်နိုင်တယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
၁။ ပထမဆုံး အတွဲအစပ်ကတော့ စကတ်နဲ့မို့ မိန်းကလေးဆန်တဲ့ ဖက်ရှင်ဒီဇိုင်းကို နှစ်ခြိုက်သူတွေ အကြိုက်ပေါ့။ ပုံမှာပြထားသလို လည်ပင်းအရှည်အကျီင်္ံ၊ စကတ်နဲ့ ဘုထ် ဒါမှမဟုတ် ဒေါက်မြင့်ဖိနပ်နဲ့ တွဲဝတ်လိုက်ပါ။ ရုံးသွားရုံးပြန်ကနေ ညစာစားပွဲအထိ ၀တ်ဆင်နိုင်တဲ့ ဖက်ရှင်ဒီဇိုင်းပါပဲ။
၂။အရမ်းမပွ၊ မကျပ်လွန်းတဲ့ ဘောင်းဘီ ဒါမှမဟုတ် boyfriend jean ၊ တီရှပ် တွေနဲ့ တွဲဝတ်ပြီး အထာကျတဲ့ ဒီဇိုင်းမျိုးလည်း ဖန်တီးနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ယောင်္ကျားလေးနည်းနည်းဆန်ပေမယ့် အထာသိပ်ကျပါတယ်။
၃။အပေါ်က ဘလေဇာနဲ့ skinny jeans ၊ ဒေါက်ဖိနပ်နဲ့ မိန်းကလေး လက်ကိုင်အိတ်၊ ဒါတွေအားလုံးကို ရောစပ်ဝတ်ကြည့်လိုက်ပါ။ သေချာတာကတော့ အားလုံးနဲ့ ကွဲနေမယ့် ဒီဇိုင်းဆိုတာပါပဲ။
၎။shirtdress လို့ခေါ်တဲ့ ဒူးခေါင်းအထက် ရှပ်အကျီင်္ံအရှည်တွေပေါ်ကလည်း ထပ်ဝတ်လို့ရပါတယ်။ အဆင်တန်ဆာတွေကို သေချာရွေးချယ် ၀တ်ဆင်ဖို့ လိုတာပေါ့။
၅။နောက်ဆုံးပေါ်တွေကိုမှ ကြိုက်တယ်ဆိုရင်တော့ sweatshirt တွေ၊ sneaker ဖိနပ်တွေနဲ့ ဘလေဇာကို တွဲဝတ်ကြည့်လိုက်ပါ။ ဒါလည်း အမြင်ဆန်းစေတာပါပဲ။
Ref:luckymag.com