သင့်ရဲ့ ဆံကေသာကို ဒီလိုလေးတွေ ဂရုတစိုက်ထိန်းသိမ်းဖြစ်ရဲ့လား?

သင်က သင့်ရဲ့ဆံကေသာကို တကယ်ပဲဂရုစိုက်တယ်ဆိုရင် ဒီအချက်လေးတွေ မဖြစ်မနေသိထားဖို့လိုပါတယ်။ကဲ ဘာတွေသိထားဖို့လိုလဲ ဖတ်ကြည့်လိုက်ပါဦး

ဆံပင်သားနူးညံ့ချင်ရင်…
ဒီနည်းလမ်းကတော့အားလုံးသိပြီးကြပြီးပြီလို့ထင်ပါတယ်။နောက်တစ်နေ့ခေါင်းလျှော်မယ်ဆိုရင် ဒီနေ့ညအိပ်ရာမ၀င်ခင်မှာ ဆံပင်အနှံ့အုန်းဆီပွတလိမ်းပေးထားရုံပါ။နောက်တစ်နေ့ ခေါင်းလျှော်ရည်ဆိုင် သွားဖို့အချိန်မမှီမှာလည်းမစိုးရိမ်ရတော့ဘူးပေါ့။အုန်းဆီိလိမ်းထားပြီး မနက်ခေ
ါင်းလျှော်ပြီးတဲ့အခါ နူးညံ့ချောမွေ့တဲ့ဆံကေသာကိုရရှိစေမှာပါ။အုန်းဆီအစားသံလွင်ဆီလည်းသုံးပေးနိုင်ပါတယ်။

ဆံပင်အရောင်တောက်ပချင်ရင်…
ဆံပင်အရောင်ဆိုးထားတာကလည်းကြာပြီ။အရောင်ကလည်းမထွက်တော့ဘူး။အရေးကြီးပွဲကလည်းသွားစရာရှိနေပြီဆို ရင် သံပုရာသီးတစ်လုံးကိုအရည်ညှစ်ပါ။ပြီးရင်ဆံပင
်အနှံ့လိမ်းပါ။ နာရီဝက်လောက်ကြာရင်ခေါင်းလျှော်လိုက်ပါ။ ဆံပင်ဆေးဆိုးထားတာ အရောင်တောက်ပလာတာကိုမြင်ရပါလိမ့်မယ်။

ဆံသားလေးတွေကောက်ချင်ရင်…
ဆံသားလေးတွေကိုအလိမ်လေးတွေကောက်ချင်တယ်။ဒါပေမဲ့ဆိုင်မှာသွားလုပ်ဖို့လည်းမမှီတော့ဘူးဆိုရင် အိမ်မှာရှိတဲ့ခဲတံဖြစ်ဖြစ်၊ဘောပင်ဖြစ်ဖြစ် ၁၀ချောင်းလောက်ရှာပါ။ ကိုယ်ကောက်ချင်တဲ့ဆံပင်အပေါ်မူတည်ပြီး အလိပ်ကြီး၊အလိပ်သေးလုပ်လို့ရပါတယ်။ခဲတံမှာဆံပင်ကိုလိမ်ပြီး ကလစ်နဲ့ထိုးထားရုံပါပဲ။ တစ်နာရီလောက်ကြိုလုပ်ထားပေးဖို့တော့လိုပါတယ်။ ဆံပင်လုပ်ထားပြီးကျန်တဲ့အလုပ်တွေအရင်လုပ်လို့ရတာပေါ့။

ဆံသားပျော့ချင်ရင်…
ဆံသားတွေကြမ်းတမ်းနေရင် ဆံပင်ပျော့ဆေး၊ပေါင်းဆေးနဲ့ပေါင်းတင်လေ့ရှိကြတယ်မဟုတ်လား။ဒါပေမဲ့ ဆိုင်သွားလုပ်ဖို့လည်းအဆင်မပြေဘူး။ဆံပင်သားလေးတွေလည်းပျော့ချင်တယ်ဆိုရင် ဒီတစ်ခါ ဆံပင်ပျော့ဆေးသုံးတဲ့အခါ ရေအနည်းငယ်နဲ့ရောပြီး ဆံပင်သားကိုလိမ်းပါ။ခနနေမှရေဆေးချပါ။ အရင်နဲ့မတူပဲ ဆံပင်တွေပိုပျော့သွားတာကိုမြင်ရပါလိမ့်မယ်။

ဆံပင်ကျွတ်သက်သာချင်ရင်…
ဆံပင်တွေကခေါင်းလျှော်တိုင်းအမြဲကျွတ်လေ့ရှိပါတယ်။အဲ့လိုမဖြစ်အောင် ခေါင်းမလျှော်ခင်မှာခေါင်းအရင်ဖြီးထားပါ။ခေါင်းလျှော်ပြီးမှ ဆံပင်ဖြီးတာကဆံပင်ကိုပိုကျွတ်စေပြီးဆံပင်ကျန်းမာရေးကိုထိခိုက်စေပါတယ်။ခေါင်းလျှော်တဲ့အခါတိုင်း သတိတရနဲ့ဆံပင်ကိုအရင်ဖြီးပေးထားမယ်ဆိုရင် ခေါင်းလျှော်တဲ့အခါ ဆံပင်အများကြီးကျွတ်တာကိုကာကွယ်ပေးပါလိမ့်မယ်။

ကဲ ဒီအချက်လေးတွေက သင့်ဆံသားလေးအမြဲလှပနေအောင်ကူညီပေးနိုင်ပါလိမ့်မယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.